အိုမင်းရင့်ရော်မှုကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ ဒါပေမဲ့ လွယ်လွယ်နဲ့ အသားအရေမပျက်စီးအောင် ထိန်းသိမ်းနည်းလျို့ဝှက်ချက်တွေရှိပါတယ်။
ပျိုမေတို့ တချို့အမျိုးသမီးတွေကို မြင်ဖူးမှာပါ။ အသက် ၅၀ ကျော်တာတောင် ၂၀ ကျော်အရွယ်လို လှနေတဲ့ အမျိုးသမီးတွေရှိပါတယ်။
ဒီလိုလူတွေက သူတို့ရဲ့ အသားအရေကို ထိန်းသိမ်းလို့ပါ။
ဒါကြောင့် ပျိုမေတို့ အသက် ၅၀ ကျော်အရွယ်အထိ ငယ်ရွယ်နုပျိုနေစေဖို့ ဂျပန်ရိုးရာ အလှအပထိန်းသိမ်းနည်းတစ်ခုကို ဝေမျှပေးလိုပါတယ်။
ထိန်းသိမ်းနည်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-
ဆန်ညို ၃ ဇွန်း
ထောပတ်သီးမှည့် ၂ ဇွန်း
ပျားရည် ဇွန်းဝက်
ကိုယ်အသုံးပြုတဲ့ဆန်က ဓာတုပစ္စည်းပါဝင်မှုမရှိဖို့တော့ လိုပါတယ်..။
ပထမဆုံး ဆန်ကို ထမင်းချက်နေကျအတိုင်း ချက်လိုက်ပါ။ ဆန်ညိုဖြစ်ဖို့တော့လိုပါတယ်။
ဆန်ဆေးရည်ကို မလွှင့်ပစ်ဘဲသိမ်းထားပါ။ ပြီးနောက်ရလာတဲ့ ထမင်းကို ကိုယ်လိုအပ်တဲ့ပမာဏလောက် ခွက်တစ်ခွက်ထဲထည့်လိုက်ပါ။
ထောပတ်သီးနဲ့ ပျားရည်ထည့်လိုက်ပါ။ အနှစ်ရတဲ့အထိ ဒီသုံးမျိုးကို မွှေပေးပါ။ ပြီးနောက် သုံးနိုင်ပါပြီ။
မျက်နှာပေါ်တင်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိထားပေးပါ။ ထားပြီးတာနဲ့ ကိုယ်သိမ်းထားတဲ့ ဆန်ဆေးရည်နဲ့ မျက်နှာဆေးချပါ။
ဒီလိုလုပ်တာက မျက်နှာချေးချွတ်ရာရောက်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်ပြုလုပ်နိုင်ပါတယ်။
ဆန်ညိုက အရေးအကြောင်းတွေကို လျှော့ချပေးပြီး အသားအရေကို စိုပြေစေပါတယ်။