ကြက်သွန်နီနဲ့ သံပုရာသီးပဲ လိုပါတယ်။ ဒီနည်းကို အဘိုးသံ ပေးခဲ့တယ်လို့ ဆေးနည်းပေးသူက ပြောပါတယ်။ ပထမတော့မယုံကြည်ခဲ့ပါဘူး အခုတော့ယုံသွားပါပြီး
ကြက်သွန်နီ၏ အနောက်တိုင်းတွေ့ရှိချက်
(၁) ကြက်သွန်နီသည် ဆာလ်ဖာဓာတ် ကြွယ်ဝပါသည်။
(၂) ကြက်သွန်နီသည် ကိုလာဂျင် ပရိုတိန်း ထုတ်လုပ်မှု ကောင်းစေသဖြင့် မွေးညှင်းပေါက်လေးများကို ပွင့်စေပြီး သွေးလည်ပတ်မှု ကောင်းစေကာ ဆံပင်မွေးကို ခိုင်မာစေပါသည်။
(၃) ထိပ်ပြောင်သူများနှင့် နေရာကွက်ပြီး ဆံပင်မပေါက်သူများ၊ ဦးရေပြား (ဘောက်) ထသူတို့ကို ကောင်းစွာ အကျိုးပြုပါသည်။
(၄) ကြက်သွန်နီ သတ္တုရည်ကို မိနစ်(၄၀) ခန့် လိမ်းထားပြီး ခေါင်းလျှော်ရည်ပျော့ပျော့ဖြင့် ဆေးကြောပေးပါက ထိပ်ပြောင်သူများ ဆံပင် ပေါက်နှုန်း မြန်ဆန်လာသည်ကို တွေ့ရကြောင်း အီရတ်သုတေသီတို့ အကြံပြုထားကြပါတယ်
လုပ်ရမယ်နည်းကတော့
ကြက်သွန်နီကိုအခွံနွာပြီး ထုထောင်း၍ သတ္တုရည် ယူပါ။ သံပရာရည်ကိုယူပါ။ ထိုသတ္တုရည် နှစ်မျိုးကို စတီးဇွန်း သုံးဇွန်းဆီလောက် အရည်သန့်သန့်ရစေရန် အဝတ်သန့်သန့်ဖြင့်စစ်ပါ။
နေ့စဉ် အိပ်ရာဝင်တိုင်းပြောင်နေတဲ့ဦးခေါင်းကိုလိမ်းပြီးအိပ်ပါ။ စလုပ်စဉ် ကြက်သွန်နံ့ နံသော်လည်း နောက်ပိုင်းမှာအကျင့်ရသွားပါလိမ့်မယ်။
(၁၀) ရက်လောက်မှာပင် ထူးခြားခြင်း ကြုံပါလိမ့်မည်။ ပြောင်နေသော ဦးခေါင်း အရည်ပြားတွင် ဆံပင်လေးများ ပေါက်လာမည်က ဧကန် အမှန်ပင်ဖြစ် ပါလိမ့်မည်။
ကြက်သွန်နီနှင့် သံပုရာက အိမ်တိုင်း ဆောင်ထားတတ်သော အိမ်တွင်း အသုံးအဆောင်ဖြစ်၍ လုပ်ဆောင်လိုသူတို့ အတွက် အခက်အခဲ ရှိမည် မထင်ပါ။
ထိုကြောင့် ကြက်သွန်နီနှင့် သံပုရာရည်ကို ရောစပ် လိမ်းလူး ပေးခြင်းဖြင့် ထိပ်ပြောင်သူများ ဆံပင်အမြန် ပြန်ပေါက်စေရေးအတွက် ဖော်ပြပေးလိုက်ပါတယ်