သကြားနဲ့ မျက်နှာကို သန့်ရှင်းရေးလုပ်ရအောင်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အဆင့်ဆင့်မျှဝေပေးသွားမယ်နော်။

၁။ အရင်ဆုံး မျက်နှာသစ်ဆပ်ပြာ၊ ရေနွေးနဲ့ မျက်နှာကို စင်အောင်သစ်လိုက်ပါ။

၂။ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို လက်ဖဝါးထဲ လောင်းထည့်လိုက်ပါ။

၃။ လက်ချောင်းလေးတွေကို အသုံးပြုပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးလိုက်ပါ။

၄။ အရမ်းမပွတ်ပဲ ညင်သာစွာပွတ်ပေးရပါမယ်။

၅။ ရေနွေးနည်းနည်း ထည့်ပြီး ပွတ်နိုင်ပါတယ်။ ရေနွေးအများကြီးမထည့်ရဘူးနော်။

သကြားအရည်ပျော်သွားမှာစိုးလို့ပါ။

၆။ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထားမယ်။

၇။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်မယ်။

၈။ ပြီးရင်တော့ တဘက်နဲ့ ခြောက်အောင် ဖွဖွလေးသုတ်လိုက်မယ်။

၉။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ Moisturizer တမျိုးမျိုး လိမ်းပေးထားလိုက်ပါမယ်။

ဒီလိုလုပ်ပေးလိုက်ရင် မျက်နှာပေါ်က ဆဲလ်သေတွေ ဖယ်ရှားပေးပြီးအသားရေ ကြည်လင်လာမှာပါနော်။

ဒါပေမယ့် ခဏခဏလုပ်ရင် အသားအရေ ခြောက်သွားမှာဖြစ်လို့ ခဏခဏ မလုပ်ပေးရပါဘူး။

တစ်ပတ်ကို တစ်ကြိမ်လောက်ပဲလုပ်ပေးပါ။ လုပ်ပေးမယ်ဆိုရင်လည်း ညအိပ်ယာမဝင်ခင် လုပ်ပေးတာပိုကောင်းပါတယ်။

သကြားတစ်မျိုးတည်းကို အသုံးပြုပြီး မျက်နှာချေးချွတ်နည်းကို မျှဝေပေးခဲ့တာဖြစ်ပါတယ်နော်။

သကြားကို အလှပအတွက် အများကြီး အသုံးပြုလို့ ရပါသေးတယ်။ နောက်တစ်ခေါက်မှ ဆက်ပြီးမျှဝေပေးသွားပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *