မျက်လုံး အောက်ဖက်နားမှာ ပေါက်လေ့ရှိတဲ့ ဒီ အဆီဖု ၊ အဖြူစိလေး တွေကို Milia လို့ခေါ်ပြီး သူက အရေပြား ပါးလွှာတဲ့နေရာမျိုးမှာ ပေါက်တတ်ပါတယ် ။ အဲ့ဒါလေးတွေကို သွားပြီး ထိုးဆွညှစ်တဲ့အခါ ပိုပြီးပွားလာနိုင်လို့ သတိပြုဖို့တော့ လိုပါတယ် ။

ဒီလို အဖြူ စိ လေးတွေကို ပျောက်ကင်းစေမယ့် အန္တရာယ်ကင်း နည်းလမ်း တွေကို ရှာဖွေပေးလိုက်ပါတယ် ။

၁။ ရေနွေးငွေ့

ရေနွေးငွေ့ဖြင့် ကုသခြင်း ကြောင့် ပိတ်ဆို့နေတဲ့ ချွေးပေါက် တွေကို ပွင့်စေပြီး ဆဲလ်သေနှင့် အရေပြားပေါ်ရှိ အညစ်အကြေး များကို သန့်စင်စေပါတယ် ။ Milia တွေကို ကုသ ဖို့အတွက်လည်း ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ် ။

ဇလုံတစ်ခုထဲသို့ ရေနွေး ထဲပြီး မိမိ အပူခံ နိုင်လောက်တဲ့ အနေအထားမျိုးမှာ ထွက်လာတဲ့ ရေနွေးငွေ့ ကို ၁၅မိနစ်ခန့် မျက်နှာချင်းဆိုင်ပါ ။ ပြီးသွားလျှင်တော့ မျက်နှာ ကို ခပ်ဖွဖွသုတ်ပြီး အစိုဓါတ်ထိမ်း ခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ ။

လူသုံးများတဲ့ နည်းလမ်း လေးကတော့ ရေနွေး ထဲသို့ အဝတ်သန့်တစ်ခုကိုစိမ်ပါ ။ ပြီးနောက် ရေစင်အောင်ညှစ်ပြီး အဖြူဖုလေးများရှိရာပေါ်သို့ မိနစ် အနည်ငယ်ကြာ အုပ်ပေးထားပါ ။ ထိုအတိုင်း ၂ကြိမ် ၃ကြိမ်ခန့် လုပ်ပေးပါ ။ နေ့စဉ် နှစ်ကြော့လုပ်ဆောင်ပေးခြင်းဖြင့် သက်သာလာတာကို မြင်တွေ့ရမှာပါ ။

၂ သကြား

ဒီနည်းလမ်းလေးမှာတော့ သကြား အပြင် သံပုယိုရည် နှင့် သံလွင်ဆီ အနည်းငယ်ကိုလည်း လိုအပ်ပါတယ် ။ သကြား ၊ သံပုယိုရည် နှင့်သံလွင်ဆီ ကို လက် ဖက်ရည်ဇွန်း ၁ဇွန်းခန့်စီ ထည့်ကာ ရောမွှေပါ ။

နှံ့စပ်သွားလျှင်တော့ အဖြူဖုလေးတွေ ရှိရာနေရာသို့ ညှင်သာစွာ ပွတ်ပြီးလိမ်းပေးရမှာပါ ။ ။ မိနစ် ၂၀ခန့်ကြာသွားလျှင် ရေဆေးပစ်လိုက်ပါ ။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ဆောင်ပေးသွားပါ။

၃။ပျားရည်

ပျားရည် သန့်သန့်ကို ဘာနဲ့မှမရောဘဲ မျက်နှာပေါ် ၁၅ မိနစ်ခန့်ကြာအောင် လိမ်းပေးထားပါ ။ ပြီးသွားလျှင်တော့ ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ ။
မျက်လုံးအောက်နားက အဲ့အဖုလေးတွေက ပျောက်ဖို့ခက်လို့ စိတ်ရှည်ရှည်နဲ့တော့ ပြုလုပ်ပေးမှ ရပါမယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *