မိန်းကလေးတိုင်းရဲ့အလှအပအတွက် နနွင်းမှုန့်ရဲ့ အသုံးဝင်ပုံ ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အလှအပဆိုင်ရာပြဿနာတချို့ကိုလည်း အိမ်တိုင်းမှာရှိတဲ့ ဒီနနွင်းမှုန့်နဲ့ပဲ ဖြေရှင်းလို့ရတာကြောင့် အရမ်းကိုအဆင်ပြေတဲ့ နည်းလမ်းတွေပါပဲ

ရုပ်ပျိုကိုယ်နုဖို့အတွက်

ရုပ်ပျိုကိုယ်နုဖို့အတွက် နနွင်းမှုန့်ကို အသုံးပြုလို့ရပါသေးတယ်နော် လုပ်ရမယ့်နည်းလမ်းကတော့ နနွင်းမှုန့်နဲ့ ပဲမှုန့်တို့ကို အချိုးတူထည့်ပြီး ရေနည်းနည်းထည့်ကာ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး မိနစ်အနည်းငယ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ သေချာပြောင်အောင် မျက်နှာသစ်ပေးရုံပါပဲနော်

အရေးအကြောင်းများ

အရေးအကြောင်းတွေသက်သာအောင်၊ မြန်မြန်မဖြစ်အောင်လည်း နနွင်းမှုန့်ကို သုံးပေးနိုင်ပါတယ်နော် လုပ်ရမယ့်နီးကတော့ နနွင်းမှုန့်၊ ဆန်မှုန့်၊ ခရမ်းချဉ်သီးအရည်၊ နွားနို့တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင် အရေးအကြောင်းရှိတဲ့နေရာ ဒါမှမဟုတ် မျက်နှာနဲ့ လည်ပင်းကို လိမ်းပြီးခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုမှ မျက်နှာသစ်လိုက်ပါနော်

အကြောပြတ်ရာ

နနွင်းမှုန့်၊ ဒိန်ချဉ်၊ နွားနို့တို့ကို ပျစ်ပျစ်လေးဖြစ်အောင်ရောမွှေပြီး အကြောပြတ်တဲ့အနေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက်ကြာရင်တော့ ရေချိုးလိုက်ပါ။ ဒီလိုပုံမှန်လုပ်ပေးခြင်းက အကြောပြတ်ရာတွေ သက်သာလာစေပါတယ်နော်

ချေးချွတ်တာနဲ့ ပေါင်းတင်ဖို့အတွက်

နနွင်းမှုန့်၊ သံပယိုရည်နဲ့ ရေအနည်းငယ်တို့ကို ရောမွှေပြီး ကိုယ်ဂျေးချွတ်တဲ့နေရာကို ပွတ်တိုက်ပေးပါ။ ဆယ့်ငါးမိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ နနွင်းမှုန့်နဲ့ စန္ဒကူးမှုန့်တို့ကို ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင်မွှေပြီး မျက်နှာပေါင်းတင်ဖို့အတွက်သုံးနိုင်ပါတယ်နော် ဆယ်မိနစ်ထားပြီးရင်မျက်နှာသစ်လိုက်ရုံပါပဲနော် ဒီနည်းလမ်းကတော့ ဝက်ခြံတွေလည်း သက်သာစေပါတယ်

ခြေဖနောင့်ကွဲခြင်း

နနွင်းမှုန့်နဲ့ အုန်းဆီတို့ကို ရောမွှေပြီး ခြေဖနောင့်ကွဲတဲ့နေရာမှာ ပွတ်လိမ်းပြီး ဆယ်ငါးမိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး moisturizer လိမ်းပေးထားပါ။ ဒီလို ပုံမှန်လုပ်ပေးခြင်းက ခြေဖနောင့်ကွဲတာတွေကို သက်သာစေပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *