My Ladies တို့ရေ.. မျက်နှာလေးကိုပဲ Care နေကြပြီး ခြေထောက်လေးတွေကိုလဲ Care လုပ်ဖို့ မေ့နေလို့ မဖြစ်ဘူးနော်ခြေထောက်လေးတွေလှနေဖို့ဆိုတာကလည်း သေချာလေး Spa လုပ်ပေးမှ ဖြစ်မှာပေါ့ပိုက်ဆံလဲ ၅၀၀ လောက်ပဲ ကုန်မယ်။အိမ်မှာပဲ လုပ်ရတာ ဆိုတော့အချိန်လဲ သိပ်မကုန်ဘူး။ ပြီးတော့ Result ကလဲ Amazing ဆိုတော့ အရမ်း မိုက်တယ် ဟုတ်
သားသား မီးမီး တို့ ခြေထောက်လေးတွေလဲ လုပ်ပေးနိုင်ပါတယ်။ အိမ်က အချစ်ကြီးကိုလဲ လုပ်ပေးနိုင်ပါတယ် ။ (သဘောတွေကျပြီး မုန့်ဖိုးတွေ ၊ လက်ဆောင်တွေ ၊ အာဘွားတွေ ဒလဟော လာပါလိမ့်မယ်)ကျွန်မ ခြေထောက်လေးတော့ ဖြူသန့်သွားပြီ။ အတူတူ လှကြစို့
လိုအပ်တဲ့ ပစ္စည်းများ ပါရှင်။ အတိအကျကြီး တူဖို့ မလိုပါဘူးနော်။ Shampoo ၊ Lotion ၊ ကော်ဖီမစ် ကြိုက်ရာ သုံးလို့ရပါတယ်။Premier 2 plus 1 လေးက ကော်ဖီမှုန့်များလို့ သုံးတာပါ။
ပထမအဆင့် –
ခြေသည်းနီများရှိရင် ဖျက်ပါ။ အသားမာတက်သော ခြေမျက်စိ ၊ ညိုမဲသော နေရာများကို သွားတိုက်ဆေး ၊ သံပရာသီး (သို့) သံပယိုသီး နှင့် ၅ မိနစ်ခန့် ပွတ်တိုက်ပါ။ အ၀တ် ဒါမှမဟုတ် တစ်ရှူး နဲ့ သုတ်ပါ။
ဒုတိယ အဆင့် –
ခြေစိမ်မယ့် ဇလုံထဲသို့ ရေခပ်နွေးနွေးထည့်ပါ။ ဆိုဒါ ၂ ဇွန်း၊ သံပရာသီး (သို့) သံပယိုသီး အရည် ၂ ဇွန်း ၊ ကြိုက်နှစ်သက်ရာ ခေါင်းလျော်ရည် ၃ ဇွန်း ထည့်ပြီး မွှေပါ။
ပြီးရင် ၁၅ မိနစ်ခန့် စိမ်ပါ။ စိမ်နေစဉ် အတွင်း ဘရက်ဖြင့် သေချာစွာ ပွတ်တိုက်ပေးပါ။ခြေဖနောင့်တွေကိုလဲ တိုက်ပါ။ အသားမာ ဖနောင့်ကွဲ အသားဖက်လန်တာတွေ ရှိပါက နူးနေသည့်အတွက် တိုက်ရင် အကုန် ပါသွားပါလိမ့်မယ်။
ပြီးနောက် ရေများကို ခြောက်အောင် အ၀တ် နှင့် သုတ်ပါ။ နောက်တစ်ဆင့် scrub လုပ်ပါမယ်ရှင့်။
တတိယအဆင့် –
Scrub အတွက် အုန်းဆီ ၊ ကော်ဖီမှုန့် လိုပါတယ်။ ကော်ဖီမစ်ထုပ်လေးနဲ့ အလွယ် လုပ်နိုင်ပါတယ်။
အုန်းဆီနဲ့ ကော်ဖီမှုန့်ရော ရောသမမွှေလိုက်ပါ။
ဖျော်ထားသော ကော်ဖီမှုန့် ၊ အုန်းဆီ ဖြင့် ခြေထောက်ကို ပွတ်တိုက်၍ ၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးနောက် ဆပ်ပြာနှင့် ရေဆေးပါ။
Vaseline ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ Lotion လူးပါ။ ခြေသည်းနီ ကြိုက်လျှင် ဆိုးပါ။ ( တစ်လ နှစ်ကြိမ်လောက် လုပ်ပါ ) အံ့ဩလောက်တဲ့ ပြောင်းလဲမှုကြီးကို တွေ့ရပါလိမ့်မယ် ။