ပျိုမေတို့ရေ၊ မျက်နှာလေးက နုဖတ်ကြည်လင်ပြီး စိုပြေနေလိုက်တာလို့ အပြောခံချင်သူတွေအတွက် အလှအပလျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်ပါတယ်နော်။ ဒါကတော့ သဘာဝရဲ့ လက်ဆောင်ဖြစ်တဲ့ ထောပတ်စေ့ ပဲဖြစ်ပါတယ်။ သဘာဝအတိုင်းလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် ရှာဖွေနေသူတွေအတွက် ထောပတ်စေ့ဟာ ဘက်စုံအသုံးဝင်ပြီး မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုတာ ပြောပြချင်ပါတယ်။
ထောပတ်စေ့ရဲ့ အဓိက အကျိုးကျေးဇူး
အစိုဓာတ်ကို ထိထိရောက်ရောက် ဖြည့်တင်းပေးခြင်း
ထောပတ်စေ့ဟာ အစိုဓာတ်ကို ထိထိရောက်ရောက် ဖြည့်ပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးပါ။ အသားအရေရဲ့ အပြင်ပိုင်းကိုတင်မကဘဲ အတွင်းပိုင်းအထိ အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီး ရေဓာတ်ကို ထိန်းသိမ်းပေးတာကြောင့် အသားအရေခြောက်သွေ့တာတွေကို သက်သာစေပြီး နူးညံ့ချောမွတ်စေပါတယ်။ အထူးသဖြင့် ခြောက်သွေ့လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံး သဘာဝ moisturizer ပါပဲ။
ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင်အထဲကအစေ့လေးကျန်ပါမယ်။
လူအများစုကဒီထောပတ်စေ့တွေကိုဘယ်ဈေးကြီးတဲ့ Cosmeticsမှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်
အဲဒီအစေ့ကိုမလွှင့်ပစ်ပဲအရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကိုစင်အောင်ရေဆေးပေးရပါတယ်ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။
၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါဖယ်ပစ်လိုက်ပါဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီးအရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ၃ပတ်နဲ့၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်
တခါတလေအပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့အတွင်းအစိုဓာတ်မကုန်သေးရင်လိမ်းလို့မရသေးပါဘူး။
လုံးဝခြောက်သွားပြီဆိုရင်တော့ညတိုင်းအိပ်ခါနီးတိုင်းခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီသူ့မှာသနပ်ခါးနဲ့တူတာတခုကကိုယ်တို့သနပ်ခါးတုံးမှာ
အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါအတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲသူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက်အသားကိုပိုချောပြီးဝင်းပြောင်စေတယ်
ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာအဖုလေးတွေထွက်ရင်အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။
ယုံမလားတော့မသိဘူးအရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့တခါတလေအဆီဖုလေးတွေထွက်တတ်ပါတယ်ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့မျက်နှာကိုတခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး..။
ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထော ပတ်စေ့ပဲသွေးလိမ်းပါတယ်ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့အသားအရည်အရမ်းပျက်စီးတဲ့အခါအပြင်သားတွေချည်းသွေးလိမ်းပါတယ်။
လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့သိသိသာသာပြောင်းလဲတာပါအသိအမတယောက်ကိုသူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ် ။
အကိုတယောက်ကတော့ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်ကိုယ့်ရဲ့ကိုယ်တွေ့ကတော့အဆီဖုလေးတွေလုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင်အသားအ ရည်လေးတွေတင်းပြီးပါးလေးတွေဝင်းဝင်း ပြောင်ပြောင်လေးဖြစ်လာတယ်
အသားအရည်လေးကြည်ပြီးဘာမှလိမ်းမထားရင်တောင်အလိုလိုကြည့်ကောင်းနေတာရယ်တ ခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာမကြာ ခဏတွေ့ပေမဲ့
ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ ကိုယ့်အကိုအမတွေကိုခုလိုပိုက်ဆံအကုန်အကျသက်သာပြီးဘာဆိုးကျိုးမှမရှိပဲသဘာဝအသီးတွေနဲ့လှရအောင် ထောပတ်စေ့လေးကိုစမ်းလိမ်းကြည့်ပါလို့အကြံ ပြုပါရစေနော် ။