ဆရာဝန်မကြီးရဲ့ မုန့်ဖိုးပါ ဘောင်ချာထဲ ထည့်တောင်းတဲ့ ထူးဆန်းအံ့ဩဖွယ် မြန်မာနိုင်ငံက ဆေးရုံ 😱
အစက ဆေးရုံနာမည်မတင်တော့ပဲထားမလို့ အံဩလို့ ကံကော်ဆေးရုံကပါ။ ကြားတောင်မကြားဖူးပါဘူး။
ဒီနေ့ ထပ်ချိန်းလို့ ပြန်သွားပြတော့ မေးကြည့်ခဲ့တာ Entertainment (OT) ဆိုတာက ခွဲစိတ်ခန်းမဝင်ခင် ဆရာမကြီးမုန့်စာ:လို့ မုန့်ဖိုးကြေးပါတဲ့။
ဆရာမကြီးလည်း မုန့်မစာ:ပါဘူး၊ တန်းဝင် တန်းခွဲတာ ခွဲစိတ်တာကလဲ မှဲ့ဖြတ်ရုံတင်ပါ။
ဆရာမကြီး မုန့်စာ:မယ်ဆိုတောင် ဆေးရုံက ဝန်ဆောင်မှုပေးရမှာပဲ မဟုတ်ဘူးလား ဘာလို့ လူနာထဲက တောင်းရတာလဲ? ရှေ့မှာ Ward worker nurse / ward nurse /OT Runner ကြေးတွေ ယူပြီးသားကို
နောက်မှာ Nurse and worker ကြေး ထပ်ယူထားလို့ ဘာလို့လဲ မေးတော့ အ့တာက ခွဲစိတ်ခန်းဝင်တဲ့ သူတွေရဲ့ ကြေးပါတဲ့။
အဲဆို ရှေ့ကဟာတွေက ဘာလဲမေးတော့ ကလေးတွေ မုန့်ဖိုးတဲ့ wheel chair ကလေးတွေအတွက်တဲ့ မနေ့က ဘာ whee chair မှလည်း မစီးရပါဘူး။
အဲ့တာ ဘာကြေးကို ကောက်ထားတာလဲ ရှေ့မှာလဲ ငွေချလန်ဖြတ်ပိုင်းတွေဆိုတာ ၁၀ရွက်လောက်ရှိတယ် Nurse နဲ့ Worker ကြေးလည်း တစ်ရွက်စီ ချလန် ဖြတ်ထားပြီးသားပါ။
နောက်ဆုံးတစ်ရွက်မှာ ပေါင်းပြီး ထပ်ရေးထားလို့ မသိလို့မေးကြည့်တာပါ။