သဘာဝနည်းလမ်းတွေဟာ ဆိုးကျိုးမရှိစေဘဲ အလှအပနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေပဲ ပေးစွမ်းတဲ့ အရာပါ။

ပျိုပျိုမေတို့ စွဲမက်ဖွယ်ကောင်းပြီး နူးညံ့တဲ့ ပန်းဆီရောင် နှုတ်ခမ်းဖူးဖူးလေး တစ်စုံကို ပိုင်ဆိုင်နိုင်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ အကောင်းဆုံးနည်းလမ်း (၃) ခုတောင် ရှိပါတယ်။

နည်းလမ်း(၁)

နနွင်းမှုန့်စစ်စစ် လက်ဖက်စားဇွန်း (၂) ဇွန်းကို နွားနို့နဲ့ ခပ်ပျစ်ပျစ်လေး ရောပြီး ခဏလောက် နှပ်ထားပေးပါ။ ပြီးရင်တော့ နှုတ်ခမ်းသားလေးမှာ လိမ်းပေးပါ။ (၁၀) မိနစ်ပြည့်အောင် ထားပေးပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ဆေးကြောပေးပါ။ ဆပ်ပြာ မသုံးရပါဘူး

နည်းလမ်း(၂)

သံပရာသီးမှာ ပါဝင်တဲ့ citric acid က ကောင်းမွန်တဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ပျားရည်နဲ့ သံပရာရည်ကို ဆတူရောပါ။ ပြီးရင် နှုတ်ခမ်းအသားမှာ လိမ်းပေးပါ။ (၁၀) မိနစ်လောက်ကြာတဲ့အခါ ခြောက်သွားပြီဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ ညဘက်ပြုလုပ်ပေးရင် ပိုပြီးသိသာစေပါတယ်။

နည်းလမ်း(၃)

ဒီနည်းလမ်းလေးကတော့ အလွယ်ကူဆုံးမို့ ပျိုမေတို့ သဘောကျမှာပါ။ နှင်းဆီရည်(rose water)နဲ့ ပျားရည်ကို ဆတူရောပါ။ နှုတ်ခမ်းအသားပေါ်မှာ လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ရေဆေးကြောပေးပါ။ ဆပ်ပြာ မသုံးဘဲ ရေဆေးတာက ပိုကောင်းပါတယ်။ ဒါဆိုရင်တော့ ပန်းရောင်သန်းတဲ့နှုတ်ခမ်း ဖူးဖူးလေး တစ်စုံကို အမြန်ဆုံး ပိုင်ဆိုင်ရရှိမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *