နှာခေါင်း၊ မေးစေ့နဲ့ မျက်နှာပေါ်တွေမှာ ရှိနေတတ်တဲ့ ဆားဝက်ခြံတွေဟာ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသလို

ပျိုမေတို့ရဲ့ အသားအရေကိုလည်း ညစ်နွမ်းပြီး မလှမပဖြစ်စေပါတယ်။

အခုဖော်ပြပေးမှာကတော့ ပျိုမေတို့ကို စိတ်အနှောင့်အယှက် ပေးလွန်းတဲ့

ဆားဝက်ခြံတွေကို အမြစ်ကနေ ကျွတ်ထွက်သွားစေမယ့် အိမ်တွင်းနည်းလမ်းလေးပဲဖြစ်ပါတယ်။

အရမ်းကို ထိရောက်တဲ့ နည်းလေးဖြစ်လို့ ပျိုမေတို့ အကြိုက်တွေ့သွားမှာ သေချာပါတယ်။

လိုအပ်သောပစ္စည်းများ

Gelatin အထုပ်သေးတစ်ထုပ် (အနံ့မပါ)

နွားနို့အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

Gelatin တစ်ဇွန်းကို နွားနို့ ၃ ဆ ထည့်ကာ သေသေချာချာ သမသွားအောင် ရောမွှေလိုက်ပါ။

ပြီးရင်တော့ ၁၀ စက္ကန့်လောက် အပူပေးကာ မွှေလိုက်ပါ။ရလာတဲ့အနှစ်ကို သိပ်မအေးခင်မှာ ဆားဝက်ခြံတွေပေါ်ကို သုတ်လိမ်းလိုက်ပါ။

၁၅ မိနစ်လောက်အကြာ၊ နှာခေါင်းက တင်းလာပြီဆိုရင် ခွာလို့ရပါပြီ။

ဒီနည်းလမ်းလေးဟာ အရမ်းကို ထိရောက်တဲ့ နည်းလေးဖြစ်တာကြောင့် သင့်ကို စိတ်တိုင်းကျစေမှာပါ။

ဒီနည်းလမ်းကို အသုံးပြုပြီးရင် လက်ဖက်စိမ်းရည် လေးကို ဂွမ်းမှာ စွတ်ပြီး အရေပြားမှာ လိမ်းပေးလိုက်ပါ။

ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းသွားစေမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *