မျက်ခွံက မျက်လုံးကို ပတ်စည်းထားတဲ့ ကြွက်သားအစိတ်အပိုင်းများဖြစ်ပြီး မျက်စိ ဖွင့်၊ ပိတ်လို့ ရေစေနိုင်တာကြောင့် ယင်းကြွက်သားက လွန်စွာ အရေးကြီးပါတယ်။
မျက်ခွံညွတ်ကျမှု၊ အိတွဲမှု ဖြစ်စေတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ တချို့က အသက်ကြီးခြင်း၊ နှစ်ရှည်ဘဝနေထိုင်မှု အလေ့အကျင့်များနဲ့ မျိုးရိုးဗီဇတွေကြောင့် ဖြစ်ပါတယ်။
အိတွဲကျနေတဲ့ မျက်ခွံရဲ့ လေးလံမှုက မျက်လုံးကြွက်သား ညောင်းညာပင်ပန်းမှု ဖြစ်စေပါတယ်။အဲဒီအတွက်ကြောင့် မိတ်ကပ်ခြယ်သရန် ပိုခက်ခဲစေပါတယ်။ ပြီးတဲ့အပြင် eyeliner သို့မဟုတ် eye shadow တွေကို မျက်ခွံအောက် ဖုံးဖိသွားပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။
ဒီအတွက်ကြောင့် ယင်းပြသနာအတွက် သဘာဝဖြေရှင်းနည်းတစ်ခု ဖော်ပြပေးလိုက်ပါတယ်။ ပြုလုပ်ပြင်ဆင်ရလွယ်ကူပြီး ကြက်ဥလေးသာ လိုအပ်မှာဖြစ်ပါတယ်
ကြက်ဥအကာက အသားရေကို တင်းရင်း ကျစ်လစ်စေပါလိမ့်မယ်။ မိနစ်အနည်းငယ်အတွင်း အကျိုးရလဒ် မြင်တွေ့ရမှာဖြစ်ပြီး အချိန် ၂ ရက်နီးပါးသာ ကြန့်ကြာမှာလည်း ဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်း
ကြက်ဥ (၁) လုံး
ဂွမ်းဖတ် (၁) ခု
ပထမဦးဆုံးမျက်ခွံကို မိတ်ကပ်တွေသေချာသန့်စင်ပြီး ခြောက်အောင်လုပ်ရပါမယ်။ ပြီးရင် ကြက်ဥဖောက်ပြီး အနှစ်တွေဖယ်ထုတ်လိုက်ပါ။ ကြက်ဥ အကာသာ လိုအပ်ပါတယ်။ မျက်ခွံကိုမှိတ်ထားပြီး ဂွမ်းစကို ကြက်ဥအကာထဲနှစ်ပါ။ နောက်ဆုံး ဂွမ်းစနဲ့ မျက်ခွံတဝိုက် ပွတ်ပေးရပါမယ်။ ကြက်ဥအကာတွေ မခြောက်မချင်း မျက်စိမှိတ်ထားရပါမယ်။
အမြန်ခြောက်အောင် ပန်ကာရှေ့သွားနေလည်းရပါတယ်။ ထိုနည်းအတိုင်း ပြန်ပြန်လုပ်ပေးနိုင်ပါတယ်။ နောက်ဆုံး ကောင်းမွန်ထိရောက်တဲ့အကျိုးရလဒ်ကို မြင်တွေ့ပါလိမ့်မယ်။