အလှပြင်ဖို့အချိန်သီးသန့်လည်းမပေးဖြစ် အပျင်းကလည်းထူ အစပ်လည်းလျော့မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်းညစ်တတ်တဲ့ ကိုယ့်လိုလူမျိုးတွေအတွက် ရည်ရွယ်ပါတယ်
ခရမ်းချဉ်သီး – ဝက်ခြံလျော့ပါး
အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်
ရှားစောင်းလက်ပတ် – အသားချောမွေ့
ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ
သံပုရာ – အဆီပြန်သက်သာ (ဆိုးကျိုး အသားပါးလာစေတတ်
ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ )
အောင်မဲညိုအရည် – အသားအေးစေ
သခွားသီး – အသားရေကြည်လင်
မန်ကျီးသီးအရည် – အမဲစက်လျော့ပါး
ကြက်ဥ/ဘဲဥအကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့
တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ် ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထားပါရစေ ။
အရေးပေါ် ပေါင်းတင်နည်း
ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့မျက်နှာကိုပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေးချပါ
ဒု – သခွားသီး
တ – ခရမ်းချဉ်
စတု – ရှာစောင်းလက်ပတ်
နောက်ဆုံးမှ ကြက်ဥအကာရည်လေးပွတ်ပြီး ၅မိနစ်ခန့်ထားပြီး ရေဆေးချ မျက်နှာသစ်လိုက်ပါ
ဓာတ်စုံနေအောင်အာနိသင်ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေးရပါလိမ့်မယ် တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီ ခဏခဏမလုပ်ရပါ တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမှာပါ
သဘာဝပစ္စည်းတွေနဲ့မို့ငွေကုန်ကြေးကျသက်သာစေတယ် ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ် နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင့်