လူတစ်ယောက် ကံကောင်းလာတော့မယ်ဆိုတာကို ရှေ့ပြေးနိမိတ်တွေကြည့်ပြီး သိရှိနိုင်ပါတယ်။ နိုင်ငံတိုင်းမှာတော့ ကံကောင်းခြင်းရဲ့ နိမိတ်ကင်္ကေတတွေနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိနေတက်ပါတယ်။အယူအဆ အမျိုးမျိုးထဲကမှ လူအများစု နားလည် လက်ခံ ယုံကြည်ထားတဲ့ ကံကောင်းခြင်းရဲ့ နိမိတ်သင်္ကေတတွေလည်း ရှိပါတယ်။

သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင် ရောက်ရှိလာတော့မယ်ဆိုရင်… ဒီလို ရှေ့ပြေးနိမိတ် သင်္ကေတတွေကို မြင်တွေ့၊ ဖြစ်ပေါ် လာတတ်ပါတယ်နော်

(၁) ငှက်တွေ အသိုက်လာဖွဲ့တာ

ငှက်တွေက သင့်ရဲ့ နေအိမ်၊ တိုက်ခန်း (သို့) ရုံးခန်း၊ ဆိုင်ခန်း အဆောက်အအုံတွေမှာ အသိုက် လာဖွဲ့မယ်ဆိုရင် ဒါဟာ ကံကောင်းခြင်းရဲ့ ရှေ့ပြေးနမိတ်တစ်ခုပါ။ငှက်တွေက ကိုယ့်ဆီမှာလာပြီး
အသိုက်ဖွဲ့တယ်ဆိုတာ သင့်ဆီမှာ ကောင်းတဲ့ (positive energy) တွေ ရှိနေတယ်လို့ မှတ်ယူကြပြီး ဒါဟာ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေ တိုးတက်ကောင်းမွန် လာမယ့် ရှေ့ပြေးနိမိတ်တစ်ခုပဲ ဖြစ်ပါတယ်။

(၂) နားယားတာ

ရောဂါကြောင့်မဟုတ်ပဲ နားယားပြီဆိုရင် လူတော်တော်များများကတော့ တစ်စုံတစ်ယောက်က ကိုယ့်မကောင်းကြောင်း ပြောနေ၊ ကိုယ့် အတင်း တုပ်နေပြီလို့ ယူဆကြတက်ပါတယ် တကယ်တော့ မဟုတ်ပါဘူး
နားယားခြင်းကလည်း ကံကောင်းခြင်းရဲ့ နိမိတ်တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာတော့ နားယားတာဟာ တစ်ယောက်ယောက်က သင့်အကြောင်းကို ချီးကျူးပြောဆိုနေလို့ အခုလို ဖြစ်တာလို့ မှတ်ယူထားလိုက်ပါနော်…
သင့်ဆီကို ပျော်စရာကောင်းတဲ့ relationships (သို့) မိတ်ဆွေ အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ကံကောင်း ခြင်းတွေ ရောက်လာတော့မယ့် နိမိတ်တစ်ခုပဲဖြစ်ပါတယ်။

(၃) အိမ်မွေးတိရစ္ဆာန်ရောက်လာတာ

ကိုယ့်အိမ် (သို့) ရုံးခန်းကို တိရစ္ဆာန်တစ်ကောင်ကောင်က မျက်စိလည် လမ်းမှားပြီး ရောက်လာရင်လည်း ဒါဟာ ကံကောင်းခြင်း နိမိတ်ပါ။ကြောင်အနက်ရောက်လာရင်တောင်မှ ဒါကိုကံကောင်းခြင်းလို့ပဲ မှတ်ယူလို့ ရပါတယ်။
ခွေး ၊ကြောင်တို့ များ ကိုယ့်အိမ်ကို မျက်စိလည်လမ်းမှားပြီး ရောက်လာမယ်ဆိုရင်တော့ ဒါဟာ သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင်ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။

(၄) ၈ ဂဏန်းကို မြင်တာ

(၈) ဂဏန်းကို မကောင်းတဲ့ ဂဏန်းလို့ မြင်နေတာကို ရပ်လိုက်ပါ။ တကယ်က (၈)ဂဏန်းကို မြင်ရင် ကံကောင်း တတ်ပါတယ်။ အရာဝတ္ထုတစ်ခုခု ဥပမာ- တိမ်တွေက(၈) ဂဏန်းပုံ ဖြစ်နေတာမျိုးကို တွေ့ရင်လည်း ဒါဟာကံကောင်းခြင်းနိမိတ်ပါပဲ။
(၈)ကို တရုတ်မှာဆိုရင် ကံကောင်းခြင်းလို့ မှတ်ယူပါတယ်။တရုတ်မှာဆိုရင် (၈) အသံထွက်ဟာ ချျမ်းသာ ကြွယ်၀ ခြင်းဆိုတဲ့ စကားနဲ့ အဓိပ္ပါယ်တူပါတယ်။ ဒါကြောင့် ဂဏန်း (၈) မှမဟုတ်ပဲ (၈) ပုံစံပေါ်နေတဲ့ အရာတစ်ခုခုကို မြင်ရင်လည်း ကံကောင်းခြင်း အရာတစ်ခုခုကို မကြာခင် သင့်ဆီရောက်လာတော့ မှာပဲဖြစ်ပါတယ်။

(၅) အဝတ်အစားပြောင်းပြန်ဝတ်မိတာ

တခါတလေမှာ မရည်ရွယ်ပဲ အဝတ်အစားကို ပြောင်းပြန်ဝတ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဆွယ်တာအကျီင်္ပဲ ဖြစ်ဖြစ်၊ ဘောင်းဘီကိုပဲ ဖြစ်ဖြစ် ပြောင်းပြန် ဝတ်မိရင်လည်း ဒါဟာ ကံကောင်းခြင်းနိမိတ်ပါ။ မကောင်းတဲ့ကံတွေ ပြောင်းပြန်လှန်တော့မယ်ဆိုတဲ့ သဘောပါနော်။

(၆) ငှက်ချေးပါချ

တစ်ခါတလေမှာ သွားရင်းလာရင်းနဲ့များ သင့်ခေါင်းပေါ် (သို့) သင့်အဝတ်အစားပေါ်ကို ငှက်ချေး ပါချရင် အရမ်းကြီး စိတ်အနှောင့်အယှက် မဖြစ်လိုက်ပါနဲ့။အခုလို ကိုယ့်အပေါ်ကို ငှက်ချေးပါချရင်တော့မကြာခင်မှာ ကံကောင်းခြင်းတွေ ရောက်လာတော့မယ်၊ ငွေကြေးလာဘ်ဝင်တော့မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ပဲ ဖြစ်ပါတယ်။

(၇) နွယ်ပင်တွေ အိမ်ကို တက်တာ

အိမ်မှာ သန့်ရှင်းရေးလုပ်ရဲ့သားနဲ့ နွယ်ပင်တွေ တွယ်တတ်ပြီဆိုရင်လည်း ဒါဟာ ကံကောင်းခြင်းရဲ့ လက္ခဏာပါ။တကယ်လို့များ သင့် အိမ်မှာ နွယ်ပင်တွေ တွယ်တက်နေပြီဆိုရင်တော့ ဒါဟာ မကြာခင်မှာ သင့်ဆီကို ကံကောင်းခြင်းတွေ ရောက်လာ တော့ မယ်ဆိုတဲ့ ရှေ့ပြေးပါ။
နွယ်ပင်တွေ အိမ်မှာ တက်ပြီဆိုရင် ကံဆိုးခြင်းတွေ ပျောက်ပြီး ကံကောင်းခြင်းတွေ ရောက် လာတော့ မှာပဲ ဖြစ်ပါတယ်
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *