ဓာတုဆေးသုံးပြီးအပူပေးပြီးဆံပင်ဖြောင့်ခြင်းကပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်းသွားစေတာမျိုး ဆံပင်တွေအရမ်းကျွတ်ပြီးပါးသွားတာမျိုးတွေဖြစ်စေတာကြောင့် ခဏခဏဆံပင်ဖြောင့်လို့မကောင်းဘူးနော် ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက်မလိုဘဲ သဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်းအောင်လုပ်နိုင်မယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်

(၁)ကြက်ဥအကာ နဲ့ဒိန်ချဉ်

ကြက်ဥအကာတစ်လုံးဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီးဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါနာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီး ခေါင်းပြန်လျှော် ပေးလိုက်ကာသဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါခြောက်သွားတဲ့အခါဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့သဘာဝအတိုင်းဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်

(၂)ငှက်ပျောသီး နဲ့ပျားရည်

ငှက်ပျောသီးမှည့်တစ်လုံးပျားရည်တစ်ဇွန်းတို့ကိုသမအောင်မွှေလိုက်ပြီးဆံပင်အနှံ့လိမ်းပေးပါမိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေးလိုက်ပါ။သဘာဝအတိုင်းအခြောက်ခံပြီး ဘီးလေးနဲ့ဖြီးပေးလိုက်ရင် ဆံပင်လေးတွေဖြောင့်စင်းသွားပြီး အစိုဓာတ် လည်းပြည့်ဝလာပါလိမ့်မယ်

(၃)အုန်းဆီနဲ့ပျားရည်

အုန်းဆီနှစ်ဇွန်းနဲ့ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါနာရီဝက်လောက်ထားပြီး ရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီးသဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါဆံပင်သားလေးတွေသိသိသာသာနူးညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်

(၄) အုန်းနို့နဲ့လိမ္မော်ရည်

အုန်းနို့အနည်းငယ်ကိုခွက်ထဲထည့်ကာလိမ္မော်သီးတစ်လုံးကိုအရည်ညှစ်ထည့်လိုက်ပါရလာတဲ့အရည်နဲ့ဆံပင်အဖျားထိရွှဲနေအောင်လောင်းချပေးပြီး၁၅မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါဆံပင်လေးတွေဖြောင့်စင်းသွားပြီးလိမ္မော်ရည်မှာပါဝင်တဲ့ဗီတာမင်စီအစွမ်းကြောင့်ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်

Leave a Reply

Your email address will not be published. Required fields are marked *