အရေးအကြောင်းဟာ အသက်အရွယ်အလိုက် ၊ နေထိုင်ရာ အရပ်ဒေသအလိုက်၊ စားသောက်နေထိုင်မှုပုံစံအလိုက် ၊ မျိုးရိုးဗီဇအလိုက် ၊ အသားအရေအလိုက်ကွဲပြားခြားနားမှုပေါ် မူတည်ပြီး တစ်ဦးနဲ့ တစ်ဦး အရေးအကြောင်းတွေ ဖြစ်ပေါ်လာတာခြင်း မတူညီကြပါဘူး။
များသောအားဖြင့် အမျိုးသမီးတွေဟာ အသက် ၃၀နားနီးလာပြီဆိုရင် အရေးအကြောင်းတွေ ပေါ်လာတတ်ကြပါတယ်။ တချို့အမျိုးသမီးတွေကတော့ အသက် ၃၀ ကျော်မှသာ ပေါ်လာတာမျိုးလည်း ရှိပါတယ်။
အသက်အရွယ်ရလာလေ မျက်နှာအသားအရေက ရင့်လာလေပါပဲ။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ဂရုမစိုက်ရင် အသက်ကြီးတာ ပိုမြန်ပါတယ်။အရေးကြောင်းတွေကလည်း အသက်အရွယ်ရလာပြီလို့ အချက်ပေးနေတဲ့အရာတွေပါပဲ။
အရေးကြောင်းတွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်း သိထားတာက ကိုယ့်အတွက် မအိုဆေးရထားသလိုပါပဲ။ဒီအတွက်လိုအပ်တဲ့ပစ္စည်းတွေကလည်း ကိုယ့်အိမ်မှာရနိုင်တဲ့ပစ္စည်းတွေပါပဲ။ နည်းလမ်းကို ကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်းများ
သွားတိုက်ဆေးအဖြူ
ခရမ်းချဉ်သီးရည်
ဗီတာမင်အီး
ရှားစောင်းလတ်ပတ်ဂျယ်
လုပ်ရမယ်နည်းကတော့
ခွက်တစ်ခွက်ထဲမှာ သွားတိုက်ဆေးအနည်းငယ်ထည့်လိုက်ပါ။ဒီထဲကို ရှားစောင်းလတ်ပတ်ဂျယ်ထပ်ထည့်ပါ။ ဗီတာမင်အီး တစ်လုံးထပ်ထည့်ပါ။ခရမ်းချဉ်သီးရည်တစ်ဇွန်းထည့်ပါ။ ပြီးနောက် သေချာမွှေပေးပါ။
ဒီအရောကို သန့်ရှင်းတဲ့လက်နဲ့ မျက်နှာပေါ်လိမ်းလိုက်ပါ။ ၅ မိနစ်ထားပြီး ရေဆေးချပါ။တစ်ပတ်မှာ သုံးကြိမ်လောက်ပြုလုပ်နိုင်ပါတယ်။