ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ အရွယ်တင်နုပျိုပြီး မျက်နှာလေးကို အမြဲ Glow နေစေဖို့ အထူးဂရုစိုက်တတ်ကြတဲ့ ကိုးရီးယားလူမျိုးတွေရဲ့ အသားအရေအလှအပ ထိန်းသိမ်းနည်း Routine တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ လုပ်ရလွယ်ပြီး မြန်ဆန်တဲ့အပြင် သတိထားပေးရမယ့် အသားအရေထိန်းသိမ်းနည်းအမှားတွေကိုပါ ဖော်ပြထားတာကြောင့် စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

၁။ မနက်ပိုင်းမှာ ရေတစ်မျိုးထဲနဲ့ မျက်နှာကိုသန့်စင်နိုင်ပါတယ်

Cleanser ကိုတစ်နေ့တစ်ကြိမ်လောက်ပဲအသုံးပြုသင့်ပြီး မနက်ပိုင်းတွေမှာ ရေနွေးနွေးနဲ့သန့်စင်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါ တယ်။ သင်က ညဘက်တွေမှာ Sleeping Mask သုံးပြီးအိပ်လေ့ရှိတဲ့သူဆိုရင်တော့ မနက်ပိုင်၊ Skincare ပစ္စည်းတွေမလိမ်းခင် Cleanser နဲ့အရင် သန့်စင်ပေးဖို့လိုပါတယ်။

၂။ Mask ခဏခဏကပ်ခြင်းကိုရှောင်ပေးပါ

Mask ခဏခဏကပ်တာက သင့်မျက်နှာကိုအသားအရေခြောက်ကပ်ပြီး အသားပါးလာစေပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းပေးတဲ့အာနိသင်တစ်မျိုး သာ ပါဝင်တဲ့ Mask အမျိုးအစားတွေကလွဲလို့ ကျန် Mask တွေကို နှစ်ပတ်တစ်ကြိမ်ထက်ပိုပြီး မကပ်သင့်ပါဘူး။

၃။ မျက်နှာချေးချွတ်ပြီးချိန်တိုင်း မဖြစ်မနေအစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ

အသက်အရွယ်ရလာလေလေ အသားအရေအစိုဓာတ်နဲ့ Collagen ထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်တဲ့ Estrogen ဟော်မုန်းခန်းခြောက်လာလေဖြစ်ပါတယ်။ ဒါကြောင့် အသားအရေချေးချွတ်ခြင်းစတဲ့ထိန်းသိမ်းမှုတွေပြုလုပ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် ပြန်လည်အသုံးပြုပေးပါ။

အရေပြားကျွမ်းကျင်သူ တွေက ပျားရည်၊ နှင်းဆီရည်၊ Hyaluronic Acid နဲ့ ဗီတာမင် E တို့ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်အမျိုးအစားတွေကို အသုံးပြုသင့်ကြောင်းအကြံပြု ထားပါတယ်။

၄။ Mask ကပ်တဲ့အခါ မျက်ကွင်းအတွက် Eye Patch တစ်ခုထပ်ကပ်ပေးပါ

မျက်လုံးအောက်ကအရေပြားက မျက်နှာရဲ့အခြားနေရာတွေထက် နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် မျက်ကွင်းတစ်ဝိုက်ကို ပိုပြီးဂရုစိုက်ပေးဖို့လိုပါ တယ်။ Mask ကပ်တဲ့အခါ မျက်လုံးအောက်အသားအရေခြောက်သွေ့တာမျိုးမဖြစ်ရအောင် Fye Patch သုံးပြီး အတတ်နိုင်ဆုံးကာကွယ်ပေးသင့်ပါ တယ်။

၅။ Gel အမျိုးအစားဖြစ်တဲ့ Eye Cream တွေကိုအသုံးပြုပါ

Eye Cream သုံးတာက မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်သားချောမွတ်စေတဲ့အပြင် မျက်ကွင်းညိုခြင်းကိုပါသက်သာစေတာကြောင့် Concealer အသုံးပြုစရာမလိုဘဲ ကြည့်ကောင်းနေစေပါတယ်။ ဒါကြောင့် အစိုဓာတ်စိမ့်ဝင်စေပြီး ပေါ့ပေါးပါးပါးလိမ်းလို့ရတဲ့ Gel အမျိုးအစား Eye Cream တွေကို တစ်နေ့တစ်ကြိမ် အသုံးပြုပေးဖို့လိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *