ကျန်းမာလှပပြီး သန့်ရှင်းကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ဆိုတာ အချိန်အများကြီးယူရပါတယ်။အသားအရေလှပလို့ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ကြားတဲ့ ဂျပန်လူမျိုးတွေဟာဆိုရင် အခုလိုမျိုး အပြစ်အနာအဆာကင်းစင်ပြီး ပြဿနာတွေမရှိစေဖို့ ကိုယ်ပိုင်နည်းလမ်းတွေ ဖန်တီးခဲ့ကြပါသေးတယ်။
ဒီ 4-2-4 နည်းလမ်းလေးက ၁ဝ မိနစ်ကြာမြင့်ပြီး ဝင်းလက်တဲ့မျက်နှာလေးကို ပိုင်ဆိုင်ဖို့အတွက် အဓိကအနေနဲ့ အဆင့်၃ ဆင့်ပါဝင်ပါတယ်
၄ မိနစ်ကို အဆီနဲ့အစပြုပါ ၂ မိနစ်ကို Cream Cleanser သုံးပါ ကျန်တဲ့ ၄ မိနစ်မှာ မျက်နှာသစ်ပါ
ဒီမျက်နှာသစ်နည်းလမ်းကို အသုံးပြုမယ်ဆိုပါက ညဖက်မှာအသုံးပြုသင့်ပြီး မနက်ခင်းမှာမျက်နှာသစ်စရာမလိုပါဘူး။ဒါ့အပြင် နေ့တိုင်းလုပ်စရာမလိုဘဲ တစ်ပတ် ၄ ကြိမ်ဆိုလျှင်လုံလောက်ပါပြီ။
၄ မိနစ်ကို အဆီနဲ့အစပြုပါ
၄ မိနစ်ကြာ အဆီကိုအသုံးပြုပြီး မျက်နှာပေါ်မှာ ပွတ်သပ်ရင်းနှိပ်နယ်ပေးတာက သွေးလေလည်ပတ်စေကာ အပေါ်လွှာကိုနူးညံ့စေပြီး ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကို ပွင့်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ ကိုယ့်မျက်နှာအသားအရေနဲ့အဆင်ပြေမယ့် မှန်ကန်တဲ့အဆီကိုရွေးချယ်ဖို့လည်း အထူးအရေးကြီးပါတယ်။
ဥပမာအားဖြင့် ဂျိုဂျိုဘာ အဆီက အသားထဲစိမ့်ဝင်သွားနိုင်လို့အဆီတွေကိုဖယ်ရှားပြီး အတွင်းကအဆိပ်အတောက်တွေကို ဆွဲထုတ်ပေးမယ့် ကြက်ဆူဆီကို အသုံးပြုသင့်ပါတယ်။
၂ မိနစ်ကို Cream Cleanser သုံးပါ
မျက်နှာကို နှိပ်နယ်ပြီးပြီဆိုပါက အဆီလွှာအပေါ်မှနေပြီး Cleanser နည်းနည်းသုံးပေးပါ။ ကျွမ်းကျင်ပညာရှင်များကတော့ အသားအရေကို ခြောက်သွေ့သွားစေနိုင်တဲ့ အမြုပ်သို့မဟုတ် ဂျယ်လ်အမျိုးအစားတွေထက် ခရင်မ်မျက်နှာသစ်ဆေးတွေကို ပိုပြီးသုံးစေချင်ကြပါတယ်။မျက်နှာအသားအရေကို မထိခိုက်စေအောင်လို့ ညှင်ညှင်သာသာလေး ၂ မိနစ်ကြာ မျက်နှာသစ်ပေးပါ။
ကျန်တဲ့ ၄ မိနစ်မှာ မျက်နှာသစ်ပါ
စစချင်း ၂ မိနစ်ကို ရေနွေးနွေးလေးနဲ့ မျက်နှာစသစ်ပြီးကျန်တဲ့ ၂ မိနစ်ကိုတော့ ရေအေးသုံးပြီး အဆုံးသတ်ပေးပါ။ရေနွေးနွေးလေးက အသားအရေရှိ အဆီပိုတွေကို သန့်စင်ပေးပြီး မျက်နှာပြင်က သွေးစီးဆင်းမှုကို တိုးတက်စေမှာဖြစ်ပါတယ်။ရေအေးကတော့ ချွေးပေါက်တွေကိုတင်းရင်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။
ဒီနည်းလမ်းက အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးမှာဖြစ်လို့ သင့်ရဲ့မျက်နှာလေးဟာ စိုစိုပြေပြေနဲ့ ဝင်းလက်နေပါလိမ့်မယ်။