နှုတ်ခမ်းညိုခြင်းကို ဆေးလိပ်သောက်မှ မြင်ရတာ မဟုတ်ပါဘူး။ တခြားအကြောင်းအရင်းတွေ ကြောင့်လည်း နှုတ်ခမ်းညို နိုင်ပါတယ်။
နှုတ်ခမ်းညို နေမယ်ဆိုရင် နှုတ်ခမ်းနီ ပြတ်သွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျနိုင်ပါတယ်။ နှုတ်ခမ်းပန်းရောင်လေးကတော့ သင့်ကိုယ်သင် ယုံကြည်မှု ကို တိုးစေမယ့် အပြင် ပိုလည်း လှစေပါလိမ့်မယ်။
နှုတ်ခမ်းလေးကို ပန်းရောင်သန်းစေမယ့် DIY နည်းလမ်းတွေကတော့-
၁။ Rose Water နဲ့ ပျားရည်
နှင်းဆီရည် Rose Water က Healing ဖြစ်စေတဲ့ ဂုဏ်သတ္တိကို ပိုင်ဆိုင်ပါတယ်။ ပျားရည်ကတော့ သင့်နှုတ်ခမ်းသားလေးကို ပိုလင်းလက်စေပါတယ်။ ဒီ နှစ်မျိုးကို ခွက်တစ်ခွက်ထဲ ရောပြီး သင့်နှုတ်ခမ်းပေါ် လိမ်းနိုင်ပါတယ်။တစ်နေ့တာအတွင်း နှစ်ကြိမ် ပုံမှန်လိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းလေး သိသိသာသာ ပန်းရောင်ဆီ ပြောင်းလဲလာပါလိမ့်မယ်။
၂။Lip Balm
သင်က ပန်းရောင်သန်းတဲ့ နှုတ်ခမ်းလေးကို ချက်ချင်းလိုချင်တယ်ဆိုရင် ကိုယ်ပိုင် Lip Balm ဖန်တီးနိုင်ပါတယ်။ DIY Lip Balm အတွက် ပထမဆုံး လိုအပ်တဲ့ ပစ္စည်းကတော့ သလဲသီးပါ။ သလဲသီးကို ခြေကာ ကျိတ်ပေးရပါမယ်။ ရလာတဲ့ အရည်ကို စစ်ယူကာ အုန်းဆီ ၂ ဇွန်းနဲ့ ရောပေးရပါမယ်။ ဒီအရောကို ကျိုပေးရပါမယ်။ ကျိုပြီးနောက် ခွက်လွတ်တစ်ခွက်ထဲ ထည့်ကာ ခံပေးရပါမယ်။ ဒါဆိုရင်တော့ သင်လိုချင်တဲ့ Lip Balm ရပါပြီ။
၃။Beetroot
ခွက်တစ်ခွက်ထဲကို သကြား၁ ဇွန်း ထည့်ရပါမယ်။ ပြီးနောက် ဒီထဲကို ပျားရည် ၁ ဇွန်းထည့်ရပါမယ်။ နောက်ဆုံး ထည့်ရမှာကတော့- Beetroot အရည် ပါ။ ဒီသုံးမျိုးကိုရောကာ နှုတ်ခမ်းပေါ် နှစ်မိနစ်ခန့် ပွတ်ပေးရပါမယ်။ ပြီးနောက် ၅ မိနစ်ထားကာ ရေဆေးချနိုင်ပါပြီ။ ဒီလို Scrub လုပ်ပြီးရင် နောက်နေ့ SPF ပါတဲ့ Lip Balm မျိုး လိမ်းပေးသင့်ပါတယ်။
၄။Vaseline Lip Scrub
ဒီ Lip Scrub က နုတ်ခမ်းလေးကို ပန်းရောင်သန်းစေပြီး နူးညံ့စိုအီစေပါလိမ့်မယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့- သကြား ၂ ဇွန်း၊ Vaseline အနည်းငယ်၊ သံလွင်ဆီ အနည်းငယ်နဲ့ ပျားရည် အနည်းငယ်တို့ ဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေပို ရောပြီး နှုတ်ခမ်းပေါ် Scrub လုပ်ပေးရပါမယ်။
၅။ သံပယိုသီး
ဒါကတော့ နှုတ်ခမ်းလေး ပန်းရောင်သန်းဖို့ အလွယ်ဆုံး နည်းလမ်း ဖြစ်မှာပါ။ သကြားထဲ သံပယိုရည် ဖြန်းပေးရပါမယ်။ ရလာတဲ့ အရောကို နှုတ်ခမ်း ပေါ် မိနစ်အနည်းငယ် ပွတ်ပေးရပါမယ်။ ပြီးနောက် ရေဆေးချရပါမယ်။