သဘာဝသစ်သီးတွေက ဆံကေသာကိုကောင်းမွန်စေပါတယ်။ အဲဒီထဲမှာ ငှက်ပျောသီးရဲ့အစွမ်းကလည်းအံ့မခန်းပါပဲ။ သင့်အနေနဲ့ ငှက်ပျောသီးကို ဆံကေသာနဲ့ဦးရေပြားအတွက် သုံးကြည့်ဖူးပါသလား။

သင်စားနေကျ ငှက်ပျောသီးမှာ အလှအပအတွက် အသုံးချလို့ရတဲ့နည်းတွေအများကြီး ရှိနေပါတယ်။

၁။ပျက်စီးနေတဲ့ ဆံပင်တွေအတွက်

ကြမ်းတမ်းပြီးခြောက်သွေ့ပျက်စီးနေတဲ့ဆံသားတွေအတွက် အကောင်းဆုံးပြန်လည်ထိန်းသိမ်းရမယ့် နည်းကတော့ ငှက်ပျောသီးတစ်လုံးကိုချေပြီး အုန်းနို့နဲ့ ရောပါ။ ဇီးဖြူသီးအရည်ရှိရင်လည်း ထပ်ထည့်ပါ။ ဒီအရောအနှောကို ဆံပင်မှာ သုတ်လိမ်းလိုက်ပြီး ၁၀မိနစ်လောက်အကြာမှာ ရေဆေးချလိုက်ပါ။ ပျက်စီးနေတဲ့ဆံပင်တွေ သိသိသာသာကောင်းမွန်လာမှာကို တွေ့ရမှာပါ။

၂။ဆံပင်ရှည်ပြီးတောက်ပဖို့အတွက်

ချေထားတဲ့ ငှက်ပျောသီး အနှစ်၊နေကြာဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း တစ်ဝက်ကို ရောမွှေပါ။ ခပ်ပျစ်ပျစ်အနှစ်လေးဖြစ်သွားအောင် ရောမွှေပြီးရင်တော့ ဆံပင်အရင်းနားကနေ  အဖျားထိ သုတ်လိမ်းထားပြီး သဘက်လေးနဲ့ပေါင်းထားပါ။ မိနစ် ၁၅ကနေမိနစ်၂၀လောက်ထိ ထားပြီးရင်တော့ ရေနွေးလေးနဲ့လျှော်ချလိုက်ပါ။ ဒီနည်းလမ်းကို တစ်လ ၂ခေါက်လောက်လုပ်ရင် ဆံပင်တွေသိသိသာသာ ရှည်ပြီး တောက်ပြောင်လာမှာဖြစ်ပါတယ်

၃။ဆံပင်ကျွတ်တာသက်သာဖို့အတွက်

ဆံပင်ကျွတ်ရခြင်းအကြောင်းရင်းတွေထဲမှာဗောက်တွေနဲ့ ဦးရေပြား ယားယံမှုတွေလည်း ပါဝင်ပါတယ်။ မှည့်နေတဲ့ငှက်ပျောသီးက ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ ငှက်ပျောသီးအမှည့်ကို ဒိန်ခဲအစိမ်း ခွက်တစ်ဝက်နဲ့ ရောပြီး ဆံပင်ကို လိမ်းပါ။ ၁၅မိနစ်ကနေ မိနစ် ၂၀လောက်ထိ ထားပြီး ရေဆေးချလိုက်ပါ။ ဗောက်တွေနဲ့ ယားယံတာတွေ သက်သာသွားပါလိမ့်မယ်။

၄။ဦးရေပြား အစိုဓာတ်ရဖို့အတွက်

ဦးရေပြားအစိုဓာတ်ရဖို့ Maskကိုတော့ ချေထားတဲ့ ငှက်ပျောသီးထဲကို သံလွင်ဆီနဲ့ အုန်းဆီနည်းနည်းရောထဲပြီး ဆံပင်အရင်းကနေ အဖျားတွေထိ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင်တော့ ရေနွေးနဲ့ ခေါင်းလျှော်ပါ။ အကောင်းဆုံး ရလဒ်တွေရဖို့အတွက် တစ်လမှာနှစ်ခါလောက် လုပ်ပေးသင့်ပါတယ်။

၅။ဦးရေပြားအဆီပြန်တာ ထိန်းချုပ်ဖို့အတွက်

သင်က ဦးရေပြားအဆီပြန်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ မှည့်နေတဲ့ ငှက်ပျောသီးတစ်လုံးကို ချေလိုက်ပြီး ပျားရည်နဲ့ ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ဆံပင်အရင်းကနေ အဖျားထိ လိမ်းပါ။ မိနစ် ၂၀ လောက် ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကို နှစ်ပတ်တစ်ကြိမ် လုပ်ပေးခြင်းအားဖြင့် ဦးရေပြားအဆီပြန်တာကို ကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *