အသားအရေ Skincare Product တွေထဲမှာ အခုနောက်ပိုင်း ဆန်ကို ထည့်သုံးလာတာ သင်သိပြီးဖြစ်မှာပါ။ Rice Cleanser, Rice Toner, Rice Hair Scrub, Rice Moisturizer စသဖြင့် အမျိုးမျိုး သုံးစွဲလာကြပါတယ်။

ဆန်ဆေးရေနဲ့ ဆန်က အသားအရေအတွက် အကျိုးများစွာပေးနိုင်ပါတယ်။ အသားအရေကို သန့်စင်ကြည်လင်စေတဲ့ Effectကို ဆန်က ပေးစွမ်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အကုန်အကျ မများချင်တဲ့ ပျိုမေတို့အတွက် ဆန်ကိုသုံးကာ Budget Skincare နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြပါရစေ။

ဒီနည်းလမ်းအတွက် ပါဝင်ပစ္စည်းနှစ်မျိုးလောက်ပဲ ပါဝင်တဲ့အပြင် ပြင်ဆင်ရတာ ရိုးရှင်းတာမို့သင့်အတွက် လက်တွေ့မှာ အသုံးဝင်မှာပါ။ ဒီ Skincare မှာပါဝင်မယ့် အဆင့်က အဆင့် ၃ ဆင့်ပါ။

ပထမအဆင့်- Cleansing

ဆန်က မျက်နှာပေါ် မှာရှိတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ဆန်ကို Facial Foam အစားသုံးနိုင်ပါတယ်။ ဒီအဆင့်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့- ဆန်မှုန့် တစ်ဇွန်းနဲ့ နွားနို့အစိမ်း နှစ်ဇွန်းတို့ပါ။

ဒီ နှစ်မျိုးကိုသန့်ရှင်းတဲ့ခွက်တစ်ခွက်ထဲရောထည့်ကာ မွှေပေးရပါမယ်။ မွှေပြီးနောက် သင့်မျက်နှာပေါ်မှာ နှစ်မိနစ်ကနေ သုံးမိနစ်ပွတ်ပေးရပါမယ်။ ပြီးနောက် ပုံမှန်မျက်နှာသစ်သလိုပဲ မျက်နှာသစ်နိုင်ပါပြီ။
ဒုတိယအဆင့်- Toner အနေနဲ့

ဆန်မှာပါဝင်တဲ့ အာဟာရဓာတ်တွေက အသားအရေ ရေဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။ ဆန်နဲ့လုပ်ထားတဲ့ Toner တွေကိုလည်း အလှကုန် ဈေးကွက်ထဲမှာ သင်တွေ့ဖူးမှာပါ။အခုလုပ်မယ့် နည်းလမ်းမှာတော့- ဆန်နဲ့ ရေကိုပဲ လိုအပ်ပါတယ်။

ဆန်အနည်းငယ်ကို ရေထဲထည့်ဆေးပြီးနောက် နှစ်ကြိမ်မြောက်ရေကို ၂၄ နာရီ စိမ်ပေးထားရပါမယ်။ စိမ်ပြီး ရလာတဲ့ ဆန်ရေကို Spray ဘူး တစ်ဘူးထဲ ထည့်ပေးရပါမယ်။ ထည့်ပြီးနောက် သင့်မျက်နှာပေါ် Toner အနေနဲ့အစားထိုးဖြန်းပေးရပါမယ်။
တတိယအဆင့်- Moisturizer

အလွန်အသုံးဝင်တဲ့ ဆန်ကို Moisturizer Cream အနေနဲ့ပါအသုံးပြုနိုင်ပါတယ်။ Rice က သင့်အသားအရေကိုကြည်လင်စိုပြေစေပါလိမ့်မယ်။ ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့- Rice Water နှစ်ဇွန်းနဲ့ ရှားစောင်းလတ်ပတ်ဂျယ် သုံးဇွန်းတို့ပဲ ဖြစ်ပါတယ်။

ဒီနှစ်မျိုးကို ခွက်တစ်ခွက်ထဲ ရောပြီးနောက် မျက်နှာပေါ်လိမ်းနိုင်ပါပြီ။ မလိမ်းခင် ဒါကို သင့်လက်ပေါ်တင်ကာ ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ပွတ်ပေးရပါမယ်။ ပြီးနောက် သင့်မျက်နှာပေါ်မှာMoisturizer Cream အနေနဲ့ အသုံးပြုနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *