သင်သိပါသလား? ဆန်ပြုတ်ဆိုတာ စားဖို့ပဲမဟုတ်ဘူး စကင်းကဲလို့လည်း ရတယ်ဆိုတာ…

ဒီတစ်ပါတ်ရဲ့ topic ကတော့ “ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း”ပါရှင့်…စိတ်ဝင်စားစရာ အိမ်တွင်းနည်းလမ်းလေးမို့ Irene ကိုယ်တိုင်လည်း လုပ်ကြည့်ရင်း အဆင်ပြေတာကြောင့် အခုလို ပြန်လည် sharing လုပ်ပေးရခြင်းဖြစ်ပါတယ်.ဆန်ကတော့ အားလုံးသိတဲ့အတိုင်း အသားအရေအတွက် အင်မတန်အာနိသင်ရှိတဲ့ သဘာဝထွက်ကုန်တစ်ခုပါပဲ… !

အဓိကအားဖြင့် –မျက်နှာတင်းရင်းစေခြင်း၊နုပျိုစေခြင်း၊အရေးအကြောင်းများ ပျောက်ကင်းစေခြင်း၊အသားအရေကို ပြန်လည်ကျန်းမာစေခြင်း၊အရေဓာတ်ဖြည့်ပေးခြင်း၊နေလောင်အကွက်များ၊ အမဲစက်များ ကို ပျောက်ကင်းစေနိုင်ခြင်း စသည့် ဂုဏ်သတ္တိများစွာ ပါဝင်ပါတယ်ပြုလုပ်ပုံလေးကို ကြည့်လိုက်ရအောင်နော်

ဆန် လက်တစ်ဆုပ်စာကို ရေဖြင့် ၁ နာရီခန့်စိမ်ထားပါ (ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ ထွက်သွားစေရန် ရည်ရွယ်ပါတယ်) ဆေးပြီးသောဆန်ကို ရေသန့်ဖြင့် ဆန်ပြုတ်အနေအထားဖြစ်သည်အထိ (ပျော့လာသည်အထိ) ပြုတ်ပါ ပျော့ပြဲလာသောဆန်ပြုတ်ကို ယူပြီး ဇကာထဲထည့်ကာ အပေါ်မှ ဇွန်းဖြင့် ဖိညှစ်ပေးပါ (အောက်က ခွက်တစ်ခုခုဖြင့် ခံထားပါ) စစ်ထုတ်ပြီးပါက အဖြူရောင်အရည်ပျစ်ပျစ်လေး ရလာမှာဖြစ်ပါတယ်

Vatamin E ၁ လုံး ဖောက်ထည့်ပါAloe Gel ( ရှားစောင်းလက်ပတ်ဂျယ်လ်) အနည်းငယ် ထည့်ပါသမအောင်မွှေပြီး အဖုံးလုံခွက်ထဲသို့ထည့်ထားပါရေထဲသေတ္တာထဲထည့်ကာ ၅-၇ ရက်အထိ အသုံးပြုပေးနိုင်ပါတယ်

မှတ်ချက်Vitamin E နှင့် Aloe Gel က မထည့်မဖြစ်မဟုတ်တဲ့အတွက် ဘာမှမရောထားတဲ့ rice cream တစ်မျိုးတည်း လိမ်းလို့လည်း ရပါတယ်… Irene ကတော့ ကြိုက်လို့ထည့်ပြထားတာပါ…

ထည့်ချင်တဲ့သူတွေလည်း ထည့်လို့ရအောင်လို့လေသဘာဝအတိုင်း ဆန်နဲ့လုပ်ထားတဲ့အတွက် လိမ်းလိုက်တဲ့အခါ အနည်းငယ် စေးကပ်သလို ခံစားရပေမယ့် ခြောက်သွားတဲ့အခါမှာတော့ အသားလေးအေးပြီး တင်းသွားတာမို့ ပြဿနာမရှိပါဘူးနော်

ဒီနည်းလမ်းကို Rice cream အနေနဲ့ အသုံးပြုလို့ရသလို Face Mask အနေနဲ့လည်း သုံးလို့ရပါတယ် Rice Cream ဆိုရင်တော့ ညတိုင်း လိမ်းအိပ်လို့ရပြီး၊ Face Mask အနေနဲ့ဆိုရင်တော့ ၁၅-၂၀ မိနစ်ခန့်ထားပြီး ရေဖြင့်ပြန်ဆေးချလို့ရပါတယ်

 

သဘာဝနည်းလမ်းလေးဖြစ်လို့ ၇ ရက်ထက်ပိုမထားဖို့တော့ အကြံပြုပါရစေရှင့် (ရေခဲသေတ္တာထဲမှာထည့် ပြီးသုံးစေချင်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *