အနံ့အသက်မကောင်းတဲ့ဆံပင်ကြောင့် စိတ်ညစ်နေရသူတွေအတွက် ဆံကေသာ အနံ့အသက်ကောင်းအောင် ကူညီပေးနိုင်မယ့် သဘာဝနည်းလမ်းတစ်ချို့ကို အကြံပြုပေးချင်ပါတယ်။ ဦးရေပြားမှာဆီထွက်တာ၊ဗောက်ထတာနဲ့ခေါင်းချွေးထွက်တာ၊လေထုညစ်ညမ်းမှု၊မှိုနဲ့ဗက်တီရီးယားကူးစက်မှုတွေကြောင့် အနံ့ အသက် မကောင်းရတာပါ။

ဒါဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်း ကြောင့်ဖြစ်နိုင်သလို တခါတလေမှာ ဟော်မုန်းဓါတ်မညီမျှ တာ (ဒါမှမဟုတ်) ပတ်ဝန်းကျင် ကတခုခုနဲ့ဓါတ်မတည့်တာတွေကြောင့် ခုလိုအနံ့နံရတာပါ

ကြက်သွန်ဖြူဆီ

ကြက်သွန်ဖြူဟာ အနံ့စူးရှပါတယ်။ဒါပေမယ့် ဒါကို ဦးရေပြားမနံအောင် အသုံးပြု လို့ရပါတယ်။မှိုနဲ့ဗက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းလည်း သူ့မှာရှိပါ တယ်။ကြက်သွန်ဖြူ(၃)(၄)မွှာကို အုန်းဆီလက်ဖက်ရည်ပန်းကန်လုံး တစ်ဝက် နဲ့ရောပြီး ဆူအောင်တည်ပါ။

ရလာတဲ့အရည်ကိုတော့ ဂွမ်းစနဲ့တို့ပြီး ဦးရေပြားကို လူးပေးပါ။လူးနေရင်းဦးရေပြားကို နှိပ်နယ်တာမျိုး လုပ်ပေးပါ။ အဲ့ဒီလိုလုပ်ပြီး မိနစ်(၂၀)လောက်ကြာရင်တော့ ရှန်ပူနဲ့ခေါင်းလျှော်ပစ်လိုက်ပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ ဦးရေပြားဆီထွက်တာနဲ့ဗောက်တွေကိုနိုင်ပါတယ်။ ဒါ့အပြင် အစိုဓါတ်နဲ့ဆံပင်ကိုကျန်းမာကြံ့ခိုင်စေပါတယ်။ ရှားစောင်းလက်ပတ်ကိုထက်ခြမ်းခြမ်းလိုက်ပြီး ရလာတဲ့အဆီပျစ်ပျစ်ကိုအသုံးပြုရမှာပါ။

ပုံမှန်လျှော်နေကျ ရှန်ပူနဲ့ခေါင်းလျှော်ပြီးရင် အဲ့ဒီအဆီပျစ်ပျစ်ကိုဆံပင်နဲ့ဦးရေပြားကိုလိမ်းပေးရမှာပါ။ ဆယ်ငါးမိနစ်လောက်ကြာအောင်ထားပြီးရင်တော့ ခေါင်းကိုပြန်ဆေးချပစ်ရမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ဗီတာမင်နဲ့သံဓါတ်တွေပါဝင်တဲ့ ခရမ်းချဉ်သီးဟာလည်း ဦးရေပြားရဲ့ အက်စစ် ဓါတ်Level ကိုမြှင့်ပေးနိုင်တာကြောင့် ဗက်တီးရီးယားနဲ့မှိုကို နှိမ်နင်းပေးနိုင် ပါတယ်။ဆံပင်ကိုသန့်ရှင်းတောက်ပ စေနိုင်တဲ့ အစွမ်းရှိပါတယ်။

ဖျော်စက်ထဲမှာ ခရမ်းချဉ်သီးတွေကို ထည့်ဖျော်ပြီး ရလာတဲ့အရည်နဲ့ခေါင်းကိုလူးပေးရမှာဖြစ် ပါတယ်။ငါးမိနစ်လောက်ကြာအောင်ထားပြီးရင်တော့ ခေါင်းပြန်လျှော်ပစ်ရမှာဖြစ်ပါတယ်။

သံပယိုသီး

သံပယိုသီးကိုအရည်ညှစ်ပြီး ရေလက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးနဲ့ရောရမှာဖြစ်ပါတယ်။ခေါင်းကိုရှန်ပူနဲ့လျှော်ပြီး သံပရိုအရည်ကို ဦးရေပြားပေါ်လောင်းချပေး လိုက်ပါ။ငါးမိနစ်လောက် ကြာရင်တော့ ခေါင်းကို ဆေးချပေးရမှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *