အလှအပအတွက်ဆိုရင် ရှားစောင်းလက်ပပ်ဟာ မပါမဖြစ် ထိပ်ဆုံးနေရာက ပါဝင်တဲ့ သဘာဝပစ္စည်းတမျိုးပါပဲ။ အလွယ်တကူ ဝယ်လို့ရပြီး ကိုယ်တိုင်ပြုလုပ်ဖို့လည်း လွယ်ကူတယ်အပြင် ယောက်ကျား၊ မိန်းမ၊ အသက်အရွယ်မရွေး အသုံးပြုလို့ရပါတယ် ဒါကြောင့် ရှားစောင်းလက်ပပ်ကို ရှေးယခင်မှ ယခုအချိန်ထိ လူတွေ ယုံယုံကြည်ကြည်နဲ့ လက်ခံအသုံးပြုနေကြပါတယ်။

၁။အသားအရေစိုပြေစေရန်ပေါင်းတင်နည်း

ရှားစောင်းလက် ပတ်‌အလယ်သား အနှစ်လေးတွေ ကို ဇွန်းနဲ့ခြစ် ယူပြီး ရလာတဲ့ ဂျယ်အနှစ်လေးတွေ ကို မျက်နှာပေါ် လိမ်းပေးပါ ။မိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။

တစ်ပတ်နှစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း အသားအရေ‌ခြောက်သွေ့ယားယံခြင်း၊အသားအရေရောင်းရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်


၂။ဝက်ခြံအမာရွတ်နဲ့အမဲစက် အတွက်ပေါင်းတင်းနည်း

ရှားစောင်းလက်ပတ် အနှစ်ကို ဇွန်းနဲ့ခြစ်ယူပါ။ ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသား တစ်လုံးကို ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး ရလာသောအရည်ကို ရှားစောင်းလက်ပတ် အနှစ်နဲ့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။ရလာသောအနှစ်အရည်ကို သန့်စင်ထားသော မျက်နှာပေါ်လိမ်းပေးပါ။

ဆယ့်ငါးမိနစ်ခန့်‌ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေး နှင့်ဆေးချပါ။ တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ ‌ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။တစ်ပတ်နှစ်ကြိမ် ခန့်ပြုလုပ်ပေးနိုင် ပါသည်။

ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကိုကု‌သပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့် ရှင်းစေပါတယ်။ ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။

၃။ရှားစောင်းလက်ပတ်အနှစ်+ကြက်ဥအကာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။ ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။ တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါ တစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်။

၄။ရှားစောင်းလက်ပတ် scrub လုပ်နည်း

သကြားခွက် တစ်ဝက် ရှားစောင်းလက်ပတ်အနှစ် ခွက် ‌လေးပုံတစ်ပုံ အုန်းဆီခွက်တစ်ဝက် တို့ကိုရောမွှေပါ။ ရလာသောအနှစ်ကို အသားအရည်ပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးခြင်းဖြင့်ဆဲလ်သေဖယ်ရှာပေးသော scrub အဖြစ်အသုံးပြုနိုင်ပါသည်။ နှုတ်ခမ်းသားမဲညိုနေခြင်းအတွက်လည်း အသုံးပြုနိုင်သလို ဒူးခေါင်းမဲခြင်း တံတောင်စစ်မဲခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။

၅ ။အသားအရေကြည်လင်စေမည့် ရှားစောင်းလက်ပတ်အနှစ်+ နနွင်း ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် နနွင်း ခွက်လေးပုံတစ်ပုံ ပျားရည် သုံးဇွန်း တို့ကို သမအောင်ရောမွှေပြီး ရလာသောအနှစ်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။မိနစ်နှစ်ဆယ်ခန့်ထားပြီး ရေအေးနှင့်ဆေးချပါ။အဆီပြန်၍အသားအရေ ညစ်ထေနေခြင်း၊အသားအရည်အမဲစက်များကို သက်သာစေပြီးအသားအရည်ကြည်လင်‌စေမှာဖြစ်ပါတယ်။တစ်ပတ်နှစ်ကြိမ်အသုံးပြုနိုင်ပါသည်။

မင်မင်ပြောပြသွားတဲ့ ရှားစောင်းလက်ပတ်ပေါင်းတင်နည်းလေးတွေကို အသုံးပြုရင်း ပျိုမေတို့ လှပနိုင်ကြပါစေရှင်

Leave a Reply

Your email address will not be published. Required fields are marked *