အသားဖြူချင်းရင် အသားအရေကို ဂရုစိုက်ရပါမယ်။ ပုံမှန်တော်တော်များများက Lotion တော့ လိမ်းကြမှာပါ။ ဒါပေမယ့် Lotion တစ်မျိုးထဲလိမ်းလို့တော့ အသားကဖြူလာမှာမဟုတ်ပါဘူး။

ဒါကြောင့် အသားဖြူချင်တဲ့သူတွေအနေနဲ့နေ့တိုင်းလုပ်ပေးဖို့လိုတဲ့ အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

Lotion လိမ်းပါ

အသားကြည်ချင်တာလား၊ အသားဖြူချင်တာလားဆိုတာကို အရင်စဉ်းစားပါ။ အသားကြည်ချင်တာဆိုရင် Hydration ကောင်းတဲ့ Lotion မျိုးကို ရွေးသုံးရုံပါပဲ။

အသားဖြူချင်တာဆိုရင်တော့ Whitening Lotion ကို ရွေးသုံးပါ။ တစ်နေ့ကို ၂ ကြိမ်လိမ်းပါ။ Lotion လိမ်းရင်အသားထဲစိမ့်ဝင်အောင် သေချာလေးလိမ်းပေးပါ။

Sunscreen လိမ်းပါ

မျက်နှာကို Sunscreen လိမ်းသလိုပဲ Body ကိုလည်း လိမ်းဖို့လိုပါတယ်။ Whitening Lotion တွေလိမ်းနေပြီး အပြင်သွားရင်၊ နေပူထဲသွားရင် Sunscreen မလိမ်းလို့ အလကားပါပဲ။ ဒါကြောင့် Sunscreen သီးသန့် မလိမ်းဖြစ်ရင်တောင်မှ အနည်းဆုံး SPF 30+ ပါတာကို လိမ်းပေးပါ။

Body Scrub လုပ်ပါ

တစ်ပတ် တစ်ကြိမ် (သို့) ၅ ရက် တစ်ကြိမ် Body Scrubလုပ်ပေးပါ။ Body Scrub လုပ်ပေးခြင်းက ဆဲလ်သေတွေနဲ့ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတာဖြစ်လို့အသားအရေကို အသစ်ပြန်ဖြစ်စေပြီး ကြည်လင်လာစေပါတယ်။

နေပူထဲသွားရင်အကာအကွယ်နဲ့သွားပါ

အသားအရေကို ဂရုမစိုက်ပဲ နေချင်သလိုနေမယ်၊ နေပူထဲတွေလည်း အကာအကွယ်မပါပဲ သွားမယ်ဆိုရင်တော့အသားဖြူမလာပဲ ပိုတောင်မဲသွားပါလိမ့်မယ်။ ဒါကြောင့်နေပူထဲသွားပြီဆိုရင် ထီးဆောင်းပါ။ လက်ရှည်အင်္ကျီအပါးလေးကို ဝတ်ဆင်ပါ။

Collagen သောက်ပါ

အသားအရမ်းဖြူချင်တယ်ဆိုရင် Collagenကောင်းကောင်းသောက်ပါ။ Collagen သောက်ပေးခြင်းကအပေါ်ယံအသားအရေ ဖြူလာမျိုးမဟုတ်ပဲ အတွင်းပိုင်းထဲအထိ အသားအရေကြည်ပြီး ဖြူလာတာမျိုး ရစေပါတယ်။အသားဖြူတာမျိုးမဟုတ်တောင်မှ အသားကြည်ပြီး စိုပြည်လာစေတယ်၊ အရင်ထက် အသားအရေ ပိုကောင်းလာစေပါတယ်။

အသီးဖျော်ရည်သောက်ပါ

မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် စတဲ့အသားအရေလှစေမယ့် အသီးဖျော်ရည်တွေ ကိုယ်တိုင်ဖျော်သောက်ပါ။ နေ့တိုင်းသောက်ပေးလေ ပိုကောင်းလေပါပဲ။ အသားအရေ သိသိသာသာကို ကြည်ပြီး အသားလှလာမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *