ဝမ်းဗိုက်က အဆီတွေကျစေပြီး ဗိုက်ချပ်ချပ်လေးဖြစ်စေမယ့် (၁၀) မိနစ်စာလေ့ကျင့်ခန်း
ခန္ဓာကိုယ်အချိုးအစားလှပဖို့ ငွေကြေးအများကြီးအကုန်ကျခံပြီး Gym သွားစရာမလိုတော့ပါဘူး။ ဒါပေမယ့် အစားအသောက်ကိုဂရုစိုက်ဖို့လိုသလို အိမ် မှာ လေ့ကျင့်ခန်းလုပ်ပေးဖို့တော့လိုပါမယ်။ အစားအစာကို အဆီတက်စေမယ့်အစားအစာတွေအစား အာဟာရဓာတ်ပြည့်ပြည့်ဝဝ စားပေးဖို့ အရေးကြီး ပါတယ်။
ဝမ်းဗိုက်ချပ်ချပ်လေးကို ပိုင်ဆိုင်ချင်သူတွေအတွက်တစ်နေ့ကို ၁ဝ မိနစ်လောက်အချိန်ပေးလိုက်ရုံနဲ့ ပိုင်ဆိုင်စေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးသွား ပါမယ်။ အဲဒီအတွင်ကုလားထိုင်တစ်လုံးပဲ လိုတာပါ။
1. Twist

အရင်ဆုံး ခုံတစ်လုံးရဲ့ နောက်မှာရပ်နေပါ။ လက်နှစ်ဖက်ကို ခုံရဲ့ နောက်မှီပေါ်မှာ တင်ထားပါ။ ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပါ။ ပြီးရင် ခါးကို ကိုင်၊ လိုက်ပါ။ ပြီးရင် ဘယ်ဖက်လှည့်ပြီး ဘယ်ဖက်လက်ကို အပေါ်မြောက်ပါ။ ညပီးရင် ပြန်မတ်ပြီး စောစောကလို ပြန်ကိုင်းပါ။ ပြီးရင်ညာဖက်လှည့်ပြီး ညာ ဖက်လက်ကိုအပေါ်မြောက်ပါ။ တစ်ဖက်ဆီကို အကြိမ် ၂၀ စီလုပ်ပေးပါ။ ၁ ကြော့လုပ်ပေးရပါမယ်။
2.Floor Twists

အရင်ဆုံးကျောလှဲနေပြီး ခြေထောက်နှစ်ဖက်ကို ခုံပေါ် တင်လိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို အနောက်ပစ်ပြီး ဗိုက်က ကြွက်သားကို အားပြုကာ အပေါ် ကြွပေးပါ။ ဘယ်ဖက်လက်တဒေါင်နဲ့ ညာဖက်ဒူး ညာဖက်လက်တဒေါင်နဲ့ ဘယ်ဖက်ဒူးထိအောင်လုပ်ပေးပါ။ တစ်ဖက်ကိုအကြိမ် ၂၀ ဆီ ၂ ကြော့လုပ် ပေးရပါမယ်။
3.Leg Raises

အရင်ဆုံး အခုပုံမှာ ပြထားသလို လက်နှစ်ဖက်ကို ခုံပေါ်တင်ထားပြီး ဒူးကွေးကာ အခုလိုနေပေးပါ။ ပြီးရင် ခြေထောက်တစ်ဖက်ချင်းဆီကို မြောက်ပေး ပါ။ ဘယ်ညာကိုမှ ၁ ကြိမ်လို့မှတ်ပြီး အကြိမ် ၂ဝ ဆီ ၂ ကြော့လုပ်ပေးပါ။
4.plank

အရင်ဆုံး လက်နှစ်ဖက်ကို ခုံပေါ်တင်ပြီး ခြေထောက်ကို အနောက်ဖက်ဆုတ်ကာအခုပုံမှာပြထားသလို ထောက်ထားပေးရမှာပါ။ ခါးကို မတ်မတ်ထားပါ။ စက္ကန့် ၃၀ လောက်ထိနေပါ။ ၃ကြိမ်လုပ်ပါ။ တစ်နေ့ကို ၁၀ စက္ကန့်ထိ တိုးပြီးထောက်သွားပေးပါ။
5.Squat

အရင်ဆုံး လက်နှစ်ဖက်ကို ခုံပေါ်တင်ထားပြီး ဒူးနှစ်ဖက်ကို ကွေးထားပါ။ ပြီးရင် ခန္ဓာကိုယ်အလည်ပိုင်းကို အပေါ်ကြွလိုက်အောက်ချလိုက်လုပ်ပေးပြီး လက်မောင်းကိုလည်း မတ်လိုက် ကွေးလိုက် လုပ်ပေးပါ။ လက်မောင်းကအဆီကိုလည်း ကျစေသလို ဗိုက်ကအဆီလည်း ကျစေပါတယ်။ အကြိမ် ၂၀ ကို ၂. ကြော့လုပ်ပေးပါ။