ရေခဲတုံးက ဈေးအသက်သာဆုံး လူကြိုက်များတဲ့ Skincare ထိန်းသိမ်းနည်းပါပဲ။ မိန်းကလေးတိုင်း လိုလို ဒီ Skincare နည်းလမ်းကို လုပ်နိုင်ကြမှာပါ။ သင့်အနေနဲ့ ရေခဲတုံးနဲ့ Skincare လုပ်ခဲ့ရင် တကယ်ကော ထိရောက်ရဲ့လား သိချင်မှာပါ။

ရေခဲတုံးနဲ့ ပုံမှန်ပွတ်ပေးမယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ နေ့တိုင်းတော့ ရေခဲနဲ့ မထိပေးသင့်ပါဘူး။ နှစ် ရက်ခြား တစ်ခါလောက် ပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒီလို ပုံမှန်လုပ်မယ်ဆိုရင်တော့ သင့်အသားအရေ မှာ ရလာမယ့် အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒီအကျိုးကျေးဇူးတွေကတော့-

၁။ အသားအရေ တောက်ပစေတယ်
ရေခဲက ယောင်ယမ်းတာ ကျစေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ရေခဲတုံး ပုံမှန်ပွတ်ပေးတဲ့ အခါ သင့်အသားအရေ အရင်ထက် တောက်ပလာပါလိမ့်မယ်။

၂။ ဝက်ခြံသက်သာစေတယ်
ရေခဲက ချွေးပေါက်ကျဉ်းစေတဲ့အပြင် ယောင်ယမ်းတာ၊ ဝက်ခြံဖြစ်ပြီး နီနေတာကို သက်သာစေပါ တယ်။ ဝက်ခြံဖြစ်တဲ့နေရာပေါ် ၅ စက္ကန့် ၆ စက္ကန့်လောက် ကြာကြာလေး ဖိထားနိုင်ပါတယ်။ ဒါ့အပြင် ရေခဲက အဆီပြန်တာကိုလည်း သက်သာစေပါတယ်။

၃။ Skincare ပစ္စည်းတွေ စိမ့်ဝင်ဖို့ ကူညီပေးတယ်
ရေခဲနဲ့ ပွတ်ပေးပြီးနောက် Skincare တွေ လိမ်းတဲ့အခါ ပိုစိမ့်ဝင်စေပြီး အသားအရေအတွက် လိုအပ် တဲ့ အာဟာရကို ပိုရစေပါတယ်။

၄။ မျက်အိတ်ဖောင်းတာ သက်သာစေတယ်
သင်က အလွယ်တကူ မျက်အိတ်ဖောင်းလွယ်သူဆိုရင် ရေခဲနဲ့ ပုံမှန်ပွတ်ပေးသင့်ပါတယ်။

၅။ အိုမင်းရင့်ရော်မှုကို လျော့ကျစေတယ်
ရေခဲက အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းစေပါတယ်။ ဒါ့အပြင် အရေးအကြောင်း သက်သာစေပါတယ်။

၆။ နေလောင်တာ သက်သာစေတယ်
သင်က နေပူထဲ အကြာကြီး ထွက်မိပြီး နေလောင်လာရင် ရေခဲနဲ့ ပြန်ကုသနိုင်ပါတယ်။

ရေခဲတုံးကို အသားပေါ် တိုက်ရိုက်တင်နိုင်သလို လက်ကိုင်ပဝါအပါးလေးနဲ့ ဒီထဲ ရေခဲထည့်ပြီး ပွတ်ပေး နိုင်ပါတယ်။ တစ်နေရာတည်း ၅ စက္ကန့်ထက်တော့ ပိုမထားသင့်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *