မိန်းကလေးတိုင်း ခါးသေးသေးလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါကြောင့်ပဲ အစားလျှော့ရ၊ Gym သွားရ၊အားကစားလုပ်နည်းတွေ ရှာရနံ့ မိန်းကလေး တိုင်း အလုပ်ရှုပ်နေတတ်ပါတယ်။ ဗိုက်အဆီကျဖို့ မလွယ်ကြောင်း ပျိုမေတိုင်း သိပြီးဖြစ်မှာပါ။

ဒီလိုအချိန်မှာပဲ လဲလျောင်းပြီး ၅ မိနစ် နေရုံနဲ့ ဗိုက်အဆီ ကျတယ်ဆိုတဲ့ နည်းလမ်းက မိန်းကလေးတွေကြား ရေပန်းစားလာတာ လွန်တော့မလွန်ပါဘူး။ ဒီ Japanese Towel Exercise ကို စတင်ခဲ့သူက ဂျပန် လူမျိုး Dr Toshiki Fukutsudzi ဖြစ်ပါတယ်

Toshiki Fukutsudzi ရဲ့ အဆိုအရ ဒီနည်းလမ်းက ဗိုက်အဆီကိုကျစေကာ၊ ကိုယ်နေဟန်ထားမှန်စေပြီး ခါးအကြောသန်မာစေတယ်လို သိရှိရပါတယ်။ ဒီနည်းလမ်းက တင်ပါးဆုံရိုး ကြွက်သာ၊ နေရာလွဲမှုကြောင့် ဖြစ်လာတဲ့ ဗိုက်အဆီကို အဓိကထိစေပါ တယ်။ ဒီ Exercise ကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် တင်ပါးဆုံရိုး နေရာမှန်ပြီး ခါးနေရာက အပိုအဆီတွေ ကျစေတယ်လို့ ဆိုထားပါတယ်။ ဒီနည်းလမ်း အတွက်လိုတာက သဘတ်တစ်ထည်နဲ့ ယောဂ ဖျာတစ်ချပ်ပါပဲ။

ဒီတော့ ပြုလုပ်ပုံကို ကြည့်လိုက်ရအောင်နော်-

အဆင့်၁- သဘတ်ကို အလျား ၁၅ စင်တီမီတာဝန်းကျင်နဲ့ အနံအမြင့်ကို ၄ စင်တီကနေ ၁၀ စင်တီ (၃ လက်မကနေ ၄ လက်မ) ထိ ရောက်အောင် ခေါက် ပေးရပါမယ်။

အဆင့် ၂- ဒီသဘတ်လိပ်ကို ယောဂဖျာပေါ်တင်ကာ သင်က ဒီအပေါ်ကို လှံချပေးရပါမယ်။

အဆင့် ၃- ဒီလို လှဲတဲ့အချိန် သဘတ်ကို ခါးအောက် ချက်တည့်တည့်အောက်ဘက်မှာ ထားကာ လှဲပေးရပါမယ်။

အဆင့် ၄- ခြေထောက်ကို ပခုံးအကျယ် ချုံထားကာ အတွင်းဘက်ကို ကွေးပေးရပါမယ်။ ခြေမ နှစ်ဘက်က မျက်နှာချင်းဆိုင် ဖြစ်နေရပါမယ်။ ခြေဖနောင့် နှစ်ဘက် အကွာအဝေးက ၈ လက်မကနေ ၁ဝ လက်မ ဝန်းကျင် ဖြစ်ရပါတယ်။

အဆင့် ၅- လက်ကို နောက်ဘက်ဆန့်ပေးကာ လက်ဖဝါးကို မြေကြီးနဲ့ မျက်နှာချင်းဆိုင် ထားရပါမယ်။ ဒီအနေအထားနဲ့ လက်သန်းနှစ်ချောင်းကို ထိပေး ထားရပါမယ်။

ဒီအနေအထားအတိုင်း ၅ မိနစ် နေပေးရပါမယ်။ အစပိုင်းမှာ ခက်ပေမယ့် တဖြည်းဖြည်းနဲ့ လွယ်ကူလာပါလိမ့်မယ်။ ပြန်ထတဲ့အချိန် ဖြေးဖြေးချင်း ထ ပေးသင့်ပါတယ်။

ဒီနည်းလမ်းက ထိရောက်ရဲ့လား

ဒီ japanese Method က ၁၀ ရက်အတွင်း ထိရောက်တယ်ဆိုတဲ့ ဗီဒီယိုတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်လေ့ကျင့်ခန်းကမှ သင့်ကို ၁ဝ ရက်အတွင်း သိသိသာသာ ကျစေဖို့ အာမ မခံနိုင်ပါဘူး။ ဒီလေ့ကျင့်ခန်းက သင့်ရဲ့ ကိုယ်နေဟန်ထားကို ဗိုယ်နေဟန်ထားကို မှန်ကန်စေပြီး ခါးနာတာသက်သာစေပေမယ့် ဗိုက်အဆီကျတာတော့ အနည်းငယ်မျှလောက်ပဲ ထိရောက်မှာပါ။

ဗိုက်အဆီကျတာက ကိုယ့်မျိုးရိုးအလိုက် ခက်ခဲတာ၊ လွယ်ကူတာ တစ်ယောက်နဲ့ တစ်ယောက် တူမှာမဟုတ်ပါ ဘူး။ တစ်ကိုယ်လုံးက အဆီကျပြီးနောက်ဆုံးမှ ဗိုက်အဆီကျတတ်တာကို သင်သိပြီး ဖြစ်မှာပါ။ ဒါကြောင့် ဒီနည်းလမ်းကို ၁၀ ရက်အတွင်းဆိုတဲ့ ရည်မှန်းချက်ထက် ပုံမှန်လေး လုပ်ပြီး အစားအသောက်နဲ့ အားကစားကိုပါ ပေါင်းစပ်လိုက်ရင် အချိန်တစ်ခု ရောက်တဲ့အချိန် ဗိုက်အဆီကျလာမှာ မလွဲမသွေပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *