လူတိုင်းအတွက် အရေးပါလွန်းတဲ့ မျက်နှာအသားအရေ ဟာ ကြည်လင်လှပနေဖို့လိုပါတယ်။

အထူးသဖြင့်အစပ်အချဉ်ကြိုက်လွန်းပြီး မိတ်ကပ်တွေ နေ့စဉ်လိမ်းလွန်းတဲ့ အမျိုးသမီးတွေရဲ့အသားအရေဟာ ပိုပြီး ပျက်စီးလွယ်သလို အဖုအပိတ်တွေလည်း များလွန်းလှပါတယ်။

ဒီလို အဖု ပိတ် တွေများပြီး အသားရည်ပျက်စီးလေ အပေါ်ကနေ မိတ်ကပ်တွေ နဲ့ ဖုံးအုပ်လေဆိုရင်တော့ ပိုပြီးထိခိုက်ပျက်စီးတာပဲ အဖက်တင်မှာပါ။

ဆိုတော့ အရေးကြီးတဲ့ကိုယ့်ရဲ့မျက်နှာအသားအရေကို ပေါ့ပေါ့ပါးပါး Skin Care လုပ်ကြည့်ကြမယ် ဆိုရင် မိတ်ကပ်တွေနဲ့အ ပေါ်ယံဖုံးထားစရာမလိုပဲ နဂိုတိုင်းကောင်းမွန်တဲ့ Skin ကိုရရှိမှာပါ။

အဖုပိတ်တွေနဲ့ ဗျစ်ထူ မျက်နှာအသားအရေကြီးဖြစ်နေတဲ့သူတွေအတွက်…

(၁) ဆိုင်တိုင်းမှာ အလွယ်တကူဝယ်လို့ရတဲ့မုန့်ဖုတ် ဆော်ဒါ မုန့်ဖုတ်ဆော်ဒါမုန့်ဖုတ်ဆော်ဒါ ကတော့ သိတဲ့အတိုင်းပါပဲ Skin Care အတွက်သိပ်အကျိုးရှိတဲ့ဆရာကြီးပါပဲ။

မပါမဖြစ် မုန့်ဖုတ်ဆိုဒါကို ခန္ဓာကိုယ် အသားအရေ ဘယ်နေရာမဆိုနဲ့ မျက်နှာပြင်ကိုပါလိမ်းပြီး Skin Care ကောင်းကောင်းလုပ်လို့ရပါတယ်။အမှုန့်လေးကိုရေနည်းနည်းနဲ့ပျစ်ပျစ်လေးဖျော်လိမ်းပေးခြင်းဖြင့်ထိရောက်မှုကိုတွေ့ရမှာပါ။

(၂) ဗီတာမင် A

ဗီတာမင် A ဓာတ်ပြည့်ဝစွာစားသုံးပါ။ ဗီတာမင် A ကမျက်နှာအသားရည်အပါဝင်ခန္ဓာကိုယ်အသားအရေတစ်ခုလုံးအတွက်မရှိမဖြစ် လိုအပ်တာမလို့ အစိမ်းရောင်အသီးရွက်တွေ အပြင် ဗီတာမင်A များစွာပါဝင်တဲ့ အသီးနှံတွေကိုစားသုံးပေးပါ။

(၃) လက်ဖက်ဆီ

လက်ဖက်ဆီကိုလိမ်း ပေးပါ။ လက်ဖက် ဆီရဲ့ထူးခြားချက်က မျက်နှာအသားအရေကို ဝင်းမွတ်ပြီး အကျိတ်ဖုတွေကင်းဝေး စေပါတယ်။ လက်ဖက်ဆီရှာရခက်ရင် သံလွင်ဆီစစ် စစ်သာလိမ်းပေးပါ။ အာနိသင်ချင်းကမထူးမခြားနားပါပဲ။

(၄) အချို ရှောင်

အချိုရှောင်အချိုလွန်ကဲတဲ့အစားစာတွေကိုစားသုံးခြင်းဟာ အသားအရေကို အိုမင်ရင့်ရော် မှုမြန်စေပြီး ပျက် စီးစေနိုင်ပါတယ်။ဒါကြောင့်နောက် ဆုံး အချက် အနေနဲ့ အချိုစားသုံးမှုလျော့ချဖို့အကြံပေးပါရ စေ…

Leave a Reply

Your email address will not be published. Required fields are marked *