ကျန်းမာလှပပြီး သန့်ရှင်းကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ဆိုတာ အချိန်အများကြီးယူရပါတယ်နော် မျက်နှာ အသားအရေကို အဓိက ပျက်စီးစေတဲ့ အချက်တွေထဲမှာ မျက်နှာသန့်စင်နည်း မှားယွင်းမှုတွေကြောင့်လဲ ပါဘာတယ်နော်

ဒါ့ကြောင့် ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေ လမ်းညွှန်ထားတဲ့ စနစ်တကျ မျက်နှာ သန့်စင်နည်းလေးတွေကို ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော် …

(၁) မျက်နှာသစ်ဆေး ရွေးနည်း

မျက်နှာသစ်ဆေး ရွေးတဲ့အခါမှာလည်း နူးညံ့တဲ့ foam ပုံစံကို ရွေးပေးရပါမယ်။ လူတော်တော်များများက မျက်နှာသစ်ဆေး ရွေးတဲ့အခါမှာ အဆီတွေလုံးဝ ပြောင်စင်သွားတာကို ကြိုက်နှစ်သက်ကြပါတယ် ။ဒီလို cleanser တွေက အဆီကို လုံးဝပြောင်စင်စေတာ မှန်ပေမယ့် အသားအရေမှာ ရှိသင့်တဲ့ ရေဓာတ်တွေကိုပါ ခမ်းခြောက်သွားစေပါတယ် ။

ဒါ့ကြောင့် မျက်နှာပေါ်က အဆီကိုလည်း ဖယ်ရှားပေးပြီး အသားအရေကို ခြောက်သွေ့ပျက်စီးမသွားစေတဲ့ cleanser မျိုးကိုသာ ရွေးချယ် သင့်ပါတယ် ။ဓာတုပစ္စည်းတွေ မပါတဲ့ သဘာဝအသီးတွေနဲ့သာ ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးအပျော့စားမျိုးကိုသာ ရွေးချယ်ပါ။

(၂) အရေပြားပေါ်ကဆဲလ်သေတွေ ဖယ်ရှားနည်း

မျက်နှာကို သန့်စင်ပြီးတဲ့နောက်မှာတော့ အရေပြားတင်းရင်းပြီး သွေးလည်ပတ်မှု ကောင်းစေရန် အတွက် နှိပ်နယ်ပေးဖို့လည်း လိုပါတယ် ။မျက်နှာကိုနှိပ်နယ်ပေးဖို့ အကောင်းဆုံး နည်းလမ်းလေးကတော့ မျက်နှာသစ်ဆေးတွေကို မျက်နှာပေါ်မှာ သေချာစွာပွတ်ပြီး ထွက်လာတဲ့ အမြုပ်တွေကိုချည်သား(cotton) ဖတ်လေးနဲ့ သုတ်ပြီး မျက်နှာ တစ်ပြင်လုံးကို ညင်သာစွာ နှိပ်ပေးရမှာပါ။ ဒီလို လုပ်ပေးခြင်းက အရေပြားမှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ် ။

(၃) ချွေးပေါက်ဖွင့် သန့်စင်နည်း

မိတ်ကပ်တွေ ဖျက်ပြီးတဲ့အခါမှာ ချွေးပေါက်တွေ ဖွင့်ပေးဖို့ လိုပါတယ်။ ဒါ့ကြောင့် မျက်နှာသုတ် သဘက်လေးကို ရေနွေးနွေးလေးစိမ်ပြီး မျက်နှာကို ညင်သာစွာ ပွတ်ပေးပါ။ဒီလိုလုပ်ပေးခြင်းက ချွေးပေါက်တွေကို ပွင့်စေပြီး အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ် ။

မျက်နှာအဆီပြန်တဲ့ နေရာတွေနဲ့ ဆားဝက်ခြံရှိတဲ့ နေရာတွေ ( နှာခေါင်း ၊ နှာဖူး ၊ မေးစေ့ ) စတာတွေကို ရေနွေးသဘက်လေးနဲ့ သေချာစွာ ပွတ်ပေးပါ ။ဒီလို လုပ်ပေးခြင်းအားဖြင့် ဆားဝက်ခြံတွေကို သက်သာစေပြီး အဆီပြန်မှုကို လျော့ချပေးကာ ထပ်လိမ်းမယ့် Skincare တွေကိုလည်း မျက်နှာအသားအရေက စုပ်ယူနိုင်မှု ပိုကောင်းစေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *