တစ်ခါတလေ ကိုယ်မထင်မှတ်ထားတာလေးတွေက ကိုယ့်အတွက် အများကြီးအကျိုးပြုတတ်ပါတယ်။ အခုဆိုရင်လည်း သင်လုံးဝ မထင်မှတ်ထားဘဲ အမြဲသုံးနေတဲ့ ခေါင်းလျှော်ရည်တွေကို အိမ်သုံးဆားနဲ့သာ တွဲသုံးလိုက်ရင် ဆံပင်အတွက်အသုံးဝင်တဲ့ အလှကုန်ပစ္စည်းတစ်မျိုးဖြစ်သွားတယ်ဆိုရင်

သင်စိတ်ဝင်စားတယ်မလား။ ဆားဆိုတာ အိမ်နောက်ဘက် မီးဖိုချောင်ဝင်လိုက်တာနဲ့ ချက်ချင်းတွေ့ရနိုင်တဲ့ ပစ္စည်းမျိုးပါ။။

ဒီဆားကို ခေါင်းလျှော်ရည်နဲ့ တွဲပြီးလျှော်ရင် ဘာတွေထူးမလဲ ဆက်လေ့လာကြည့်ရအောင်ဗျာ ……ဆားက သဘာဝဖြစ်တဲ့အတွက် ဘေးဥပါဒ်ဖြစ်မှာလည်း လုံးဝမစိုးရိမ်ရပါဘူး။

ခေါင်းလျှော်ရည်ထဲကို ဆားစားပွဲတင်ဇွန်း (၂)ဇွန်းစာလောက် ရောထည့်ပြီး လျှော်ပေးတာကအဆီပြန်ခြင်းကိုကာကွယ်ပေးတယ်

အဆီပြန်ခြင်းကို သက်သာစေတယ်

ခေါင်းလျှော်ရည်ထဲကို ဆားစားပွဲတင်ဇွန်း နှစ်ဇွန်းစာလောက် ရောထည့်ပြီး လျှော်ပေးတာကအဆီပြန်ခြင်းကိုကာကွယ်ပေးတယ်နော် တနေ့လုံး အပြင်သွားရတာမျိုး လှုပ်လှုပ်ရှားရှား လုပ်ရတာမျိုးက ခေါင်းအဆီကို ပြန်စေပါတယ်။

ဒါကြောင့် ခေါင်းလျှော်ရည်ထဲ ဆားထည့် လျှော်ပေးပါက ဦးရေပြားအဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။ လုံးဝအဆီမပြန်တာမျိုးတော့မဟုတ်ဘဲ လိုအပ်တဲ့အဆီပမာဏာပဲ အဆီပြန်အောင်ထိန်းညှိပေးတာပါ။

အဆီပြန်တာကို ကာကွယ်ပေးတဲ့အတွက် (၂)ရက်လောက်နဲ့ အဆီပြန်တဲ့ ဦးရေပြားဟာ စေးကပ်ကပ်ဖြစ်မနေတော့ပဲ (၃)ရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ရသွားပါတယ်။ (၁)ပတ်လောက်နဲ့ တင် သိသာတဲ့ ရလဒ်ကို သင်မြင်တွေ့ရမှာပါ။

ဗောက်ထခြင်းကို ကာကွယ်ပေးတယ်

နောက်ထပ် ကောင်းကျိုးတစ်ခုက ဗောက်ထခြင်းကို ကာကွယ်ပေးပါတယ်။ တချို့မိန်းကလေးတွေဆိုရင် ခေါင်းလျှော်ရည် ဝယ်ရင်တောင် ဗောက်ပျောက်တာကို ရွေးဝယ်ကြပါတယ်။

ဒါပေမယ့် အခုတော့ ဗောက်ထလို့ စိတ်ညစ်စရာမလိုတော့ပါဘူး။ ပိုပြီးထိရောက်ချင်ရင် အိမ်သုံးဆားထက် ပင်လယ်ဆားကိုသုံးပေးပါ။ ပင်လယ်ဆားနဲ့ ခေါင်းလျှော်ရည်ကို ရောစပ်ပြီး ဦးရေပြားကိုအသာအယာ (၁၀)မိနစ်လောက် နှိပ်နယ်ပေးပါ။ သတ်မှတ်ချိန်ပြည့်မှ ခေါင်းလျှော်လိုက်ပါ။

ဆံပင်ကျွတ်ခြင်းကို သက်သာစေတယ်

ခေါင်းလျှော်ရည် မကောင်းလို့ပဲဖြစ်ဖြစ်၊ ဦးရေပြားအားနည်လို့ဖြစ်ဖြစ် ဆံပင်တွေ ကျွတ်တတ်ပါတယ်။ အဲ့လို ဆံပင် မကြာခဏကျွတ်နေရင် အပေါ်ကနည်းအတိုင်း ဦးခေါင်းကို (၁၀)မိနစ်လောက်နှိပ်နယ်ပေးပြီး လျှော်ကြည့်ပါ။ အရင်လိုဆံပင်မကျွတ်တော့တာကို သတိထားမိပါ လိမ့်မယ်။

တစ်ခုပြောဖို့ကျန်သေးတာက ဆားနဲ့ ပတ်သက်ရင် ဆားက အမျိုးမျိုးရှိပါတယ်။ ဒီတော့ ဘယ်လိုဆားမျိုးကို ဘာအတွက်သုံးလဲ … ?စားပွဲတင်ဆား အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကို အထူးသက်သာစေတယ်။

သဘာဝဆား မသန့်စင်ရသေးပဲ သဘာဝအတိုင်းရရှိလာတဲ့ ဆားက ဦးရေပြားပြဿနာတွေကို ကာကွယ်ပေးတယ်။ ဆံပင်အတွက် လိုအပ်တဲ့ဓာတ်တွေ ဖြည့်ပေးတယ်။ ဆားခါး ဆားခါးကတော့ စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါ ကောင်းမွန်စေပါတယ်။

ဆားခါးက ဆံပင်အဆီပြန်တာကို သက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ ရောစပ်သုံးရင် ဆံပင်လည်းအုံထူစေတယ်။ ခေါင်းလျှော်ပြီး မိနစ် (၂၀)လောက်နေမှ ရေနဲ့သန့်စင်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *