၁) မျက်စိရှေ့က ယောကျ်ားဟာ ဘယ်လောက်ထိဘဲ ကောင်းနေပါစေ…နေရာတကာမှာ တော်နေပါစေ… သူမင်းကို မချစ်ဘူးဆိုရင် ဒါဟာအကြီးမားဆုံး အားနည်းချက်ဘဲ… သူတစ်သက်လုံးပြင်လို့ရမှာ မဟုတ်ဘူး…

၂) လမ်းခွဲတဲ့အချိန်မှာ မငိုပါနဲ့… ဒါပေမဲ့ လုံး၀ မငိုဖို့ပြောတာမဟုတ်ဘူး…သူ့ရှေ့မှာ မငိုနဲ့… နောက်ကွယ်မှာ သေအောင်ငိုလိုက်ပါ…

၃) လူတစ်ယောက်ရဲ့အားနည်းချက်ဟာတစ်ကိုယ်ကောင်းဆန်တာ…မိုက်ရိုင်းတာ… ခေါင်းမာတာ မဟုတ်ဘူး… ဘာလဲဆိုတော့ အဲဒီလူဟာ ကိုယ့်ကိုယ်မချစ်မှန်းသိနေလျက်နဲ့ လက်မလွတ်နိုင်ဘဲတယူသန်ချစ်နေမိတာပါ…

(၄) မင်းမှာ မကောင်းတဲ့အချက်တွေဘယ်လောက်ထိများနေပါစေ… မင်းကို ချစ်တဲ့တစ်ယောက်ယောက်တော့ရှိတတ်စမြဲ…မင်းမှာ ကောင်းတဲ့အချက်တွေ ဘယ်လောက်ထိများနေပါစေ…မင်းကို မကြိုက်တဲ့လူလဲ ရှိနေမှာဘဲ…

(၅) ယောကျ်ားတွေရဲ့စိတ်ကို ဖမ်းနိုင်ဖို့အတွက် သူတို့ရဲ့ဆန္ဒကို ဘယ်တော့မှအပြည့်မဖြည့်ပေးပါနဲ့…

(၆) ဘယ်လောက်ထိလှနေအောင်ပြင်ထားပါစေ…ဘယ်လောက်ထိဈေးကြီးကြီးဆင်မြန်းထားပါစေ…ဒါတွေဟာအယောင်ဆောင်ခြင်းပါဘဲ… ဖြူစင်တဲ့မနောနဲ့ ချုပ်ထားတဲ့ အဝတ်အစားကမှ အလှပဆုံးပါ…

(၇) တကယ်လို့ ကျနော်တို့ဟာ အချစ် ကြောင့်ဒဏ်ရာရခဲ့တယ်လို့အပြစ်တင်နေရင်တစ်ခုမေးပါရစေ… အစပိုင်းမှာ ခင်ဗျားကိုယ်တိုင်ဘဲခေါင်းငြိမ့်ခဲ့ပြီး အချစ်ကို ဖိတ်ခေါ်ခဲ့တာမဟုတ်ပါလား…

(၈) ပြောထွက်လာတဲ့ မတရားခံရမှုတွေဟာ တကယ်မတရားတာမဟုတ်ဘူး…ထွက်ခွာသွားနိုင်တဲ့လူဟာ တကယ်ချစ်တဲ့သူမဟုတ်ဘူး…

(၉) ချစ်နေတဲ့လူတိုင်း၊ ချစ်ခဲ့ဖူးသူတိုင်း လုပ်နေတာ တူတာတစ်ခုရှိတယ်… အောက်ကျို့ယုတ်ညံ့ရတာ

(၁၀) စိတ်ထဲမှာ အချိန်က သယ်မသွားနိုင်တဲ့ ဒဏ်ရာပါးပါးလေးထည့်ထားတာလဲ ကြည်နူးမှုလေးတစ်ခုပါ…

(၁၁) လူဆိုတာက အမြဲတမ်း အထီးကျန်နေတတ်တဲ့ “ငါ” ဆိုတဲ့လူမျိုး…ကိုယ့်အချစ်ကို ရိုးသားစစ်မှန်စွာ ဖော်ပြခဲ့သော်လည်းစိတ်ခံစားချက်ကို နားလည်မှုမပေးနိုင်တဲ့ အချိန်မျိုးလဲရှိတတ်တယ်…

(၁၂) ဆင်ခြင်တုံတရားလေးနဲ့ တင့်တင့်တယ်တယ် အရာအားလုံးကိုရင်ဆိုင်လိုက်ပါ…

(၁၃) လူတစ်ယောက်ဟာ အချိန်မရှိဘူးလို့ပြောရင် အဲဒါဟာ သူ အချိန်မရှိစေချင်လို့ပါ…လူတစ်ယောက်ဟာ ထွက်သွားလို့မရဘူးလို့ပြောရင်အဲဒါဟာ သူ မထွက်သွားချင်လို့ပါ…

(၁၄ ) လူတစ်ယောက်ဟာ ဖြေရှင်းချက်များများပေးနိုင်ရင် အဲဒါဟာ သူမင်းကို အလေးမထားချင်လို့ပါ…

(၁၅) တစ်ချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းပြောလို့မရဘူး…မင်းက တန်တယ်လို့ထင်ရင် တန်တယ်… မင်းက မတန်ဘူးလို့ထင်ရင်အခြားသူက တန်တယ်ပြောလဲ မင်းက မတန်ဘူးလို့ထင်မှာဘဲ…

(၁၆) သဘောတရားတစ်ခုကိုတော့ သိထားရမယ်… ယောကျ်ားတွေဟာ လွယ်လွယ်နဲ့လူတစ်ယောက်ကို ကြိုက်မိတတ်တယ်…သို့ပေမဲ့ သူ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မချစ်မိတတ်ဘူး…

(၁၇) မိန်းကလေးတွေအချစ်ဇာတ်ခင်းနေတဲ့အချိန်မှာ ကမ္ဘာတစ်ခုလုံးနဲ့အဆက်ပျက်နေသလိုပါဘဲ…

(၁၈) လေငြိမ်မိုးတိတ် လှိုင်းမထန်တဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုနေရာလွတ်လေးတစ်နေရာ ချန်ထားပေးပါ…သူ့ကိုလဲ နေရာလွတ်လေး ချန်ထားပေးပါ…အကွားအဝေးလေးအတွက်ကို လှပမှုလေးတစ်နေရာ ချန်ထားပေးလိုက်ပါ…

(၁၉) တစ်ခါတစ်လေမှာ အရမ်းကို တွက်ကပ်မနေပါနဲ့…ယောကျာ်းလေးတွေဟာ ကိုင်းကြီးရွက်ကြီးတွေလိုပါဘဲ…ကိစ္စတစ်ခုကို မေ့သွားလို့ မင်းကို မချစ်ဘူးလို့ မဆိုနိုင်ပါဘူး…ကိုယ့်ကိုယ်ကို ပြန်ခြောက်မနေပါနဲ့…

(၂၀) မိန်းကလေးတွေဟာ အမြဲတမ်းလိုလို ရင်ဖွင့်ချင်ကြတယ်…ယောကျာ်းလေးတွေနဲ့က ပြောင်းပြန်းပါ…

(၂၁) တစ်ခါတစ်လေမှာ မျှော်လင့်ချက် ကင်းမဲ့တာကိုသင်ခန်းစားတစ်ခုအနေနဲ့ရယူလိုက်ပါ…မျှော်လင့်ချက်ထားမိခဲ့လို့ မျှော်လင့်ချက်ကင်းမဲ့ရတာပါ…

(၂၂) မိန်းကလေးတွေက စိတ်ပျော့လက်ပျော့တယ်…ယောက်ျားလေးတွေက နှုတ်နဲ့ စိတ်နဲ့ထပ်တူမကျတတ်ဘူး… ဒါဟာတိုက်ရိုက်အချိုးကျနေတယ်…

(၂၃) လူတစ်ယောက်ကို ပြောင်းလဲဖို့ကြိုးစားမနေပါနဲ့…ဘယ်သူမှ ဘယ်သူ့ကို ပြောင်းလဲလို့မရပါဘူး… သူက မင်းအတွက် ပြောင်းလဲ ချင်လားဆိုတာဘဲရှိတယ်…

(၂၄) Eileen Chang ပြောခဲ့တယ်… အချိန်ဟာ အချစ်ကိုနားလည်လာစေတယ်… အချစ်ကို သက်သေပြတယ်…အချစ်ကို သွန်မှောက်ပစ်နိုင်တယ်…

(၂၅) လွတ်လပ်မှုဟာ တန်ဖိုးရှိတယ်… ဒါပေမဲ့ နေ့တိုင်းမှာလူပေါင်းမြောင်များစွာဟာ လွတ်လပ်မှုကို အချစ်နဲ့ လဲယူလိုက်ကြတယ်…

(၂၆) မင်း ပကာသနတွေကို ကြိုက်လို့ရတယ်… ဒါဟာမိန်းကလေးတွေရဲ့သဘာဝဘဲ… ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဒီ ပကာသနတွေရဲ့ဓားစာခံ မဖြစ်မိစေနဲ့…


(၂၇) ဒီကမ္ဘာပေါ်မှာ ဘယ်ယောကျာ်းမှ မကောင်းဘူးလို့ ပြောမနေပါတော့နဲ့…မင်းကို စွန့်ခွာခဲ့တဲ့လူကို အမုန်းတရားတွေနဲ့ မှတ်ထားမနေပါနဲ့…ဘာပြောပြော သူ မင်းကို ချစ်ခဲ့တယ်… မြတ်နိုးခဲ့တယ်…သဘောထားကြီးခြင်းဟာ မင်းရဲ့ အလှကို ပိုတိုးစေတယ်…


(၂၈) သူရဲ့အခုလက်ရှိကောင်မလေး ဘယ်လိုပုံလဲဆိုတာကို သွားစပ်စုမနေနဲ့…သွား ဂရုစိုက်မနေနဲ့… အဲဒါ ကိုယ့်ဒုက္ခကို ကိုယ်ရှာတာ…


(၂၉) ပြောမိတဲ့စကားကို ဖြစ်အောင်လုပ်ပါ… ဘယ်လောက်ထိ တုံးအ နေပါစေ… ကတိမတည်တာထက်စာရင် ကောင်းပါတယ်…


(၃၀) မင်းငိုနေတဲ့အချိန်မှာ ဒေါသစကားတွေမပြောမိပါစေနဲ့…ဆုံးဖြတ်ချက်တွေမချမိပါစေနဲ့… မင်းနောင်တရလိမ့်မယ်…


(၃၁) သူပြောတယ်… ငါမောနေပြီ… ငါကို အချိန်လေးခဏပေးပြီးအေးဆေးနေပါရစေဦးလား… မင်း… ကောင်းပြီလို့တာပြောလိုက်ပါ…ဘာလို့လဲဆိုတော့ ဒါဟာ မင်းကို လာပြီး အကြောင်းကြားတာပါ… မင်းရဲ့သဘောတူညီမှုကိုလာယူတာမဟုတ်ဘူး…


(၃၂) မင်းရိုးရှင်းတယ်ဆို ထားလိုက်ပါတော့… ကိုယ့်ကိုယ်ကို ရိုးရှင်းတယ်လို့ဟန်ဆောင်တာ ရုပ်ဆိုးတာထက်တောင် ရုပ်ဆိုးသေးတယ်… သိပါလား?


(၃၃) ကြိုးစားတိုင်း အောင်မြင်ချင်မှ အောင်မြင်မယ်… မကြိုးစားရင်တော့လုံးဝအောင်မြင်မှာ မဟုတ်ဘူး…


(၃၄) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်ပါ… မင်းကြုံတွေ့ခဲ့ရတာတွေဟာဘယ်လောက်ထိဘဲ ဆိုးရွားနေပါစေ… ဒါကို အကြောင်းပြချက်နဲ့အကျင့်စာရိတ္တပျက်ပြားစေပြီး ကိုယ့်ကိုယ်ကို မချစ်လေ မင်းကိုချစ်မဲ့သူ မရှိလေပါဘဲ…


(၃၅) လှပမှု… ဉာဏ်ပညာ… ဥစ္စာ… အရာတော်တော်များများဟာမွေးလာကတည်းက သတ်မှတ်ထားပြီးသားပါ… မင်းရဲ့သဝန်တိုတတ်တဲ့စိတ်နဲ့ ပြောင်းလဲဖို့ ကြိုးစားမနေပါနဲ့…


(၃၆) အမြင်ကျဉ်းတယ်… သဝန်တိုတယ်… ရန်ညိုးထားတယ်… ကလဲ့စားချေမယ်… မိန်းကလေးတွေရဲ့ လက်နက်တွေဟာ ဒါတွေပါဘဲ…မင်းသုံးမယ်ဆိုရင် ကိစ္စမရှိပါဘူး… ကိစ္စကတော့ အခြားလူ မရိပ်မိစေနဲ့…


(၃၇) စိတ်ထား တတ်ပါစေ… ဆုံးရှုံးသွားတဲ့ အရာအတွက် ဝမ်းနည်းမနေပါနဲ့…ဒီအရာဟာ ကိုယ့်နဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုလို့ဘဲ သဘောထားလိုက်ပါ…


(၃၈) တင့်တယ်တဲ့ မိန်းကလေးတစ်ယောက်ဘဲ လုပ်ပါ… မူယာများတဲ့မိန်းကလေး လုံးဝမလုပ်မိပါစေနဲ့… မူယာများတာကို မိန်းကလေးတွေဘဲ မုန်းတာမဟုတ်ဘူး… ယောကျာ်းလေးတွေလဲ ကြည့်မရဘူး…


(၃၉) ကိုယ့်ကိုယ်ကို အားကိုးပါ… အမြဲတမ်း… နှလုံးသားရေးရာဘဲဖြစ်စေ… ငွေကြေးအရဘဲဖြစ်စေ…


(၄၀) အင်း… ဒီလိုနေရာအချိန်ခါတွေမှာ ယောကျာ်းလေးရဲ့စကားကို မယုံမိပါစေနဲ့… ကုတင်ပေါ်မှာ… သူပျော်နေတဲ့အချိန်… သူမင်းကို တောင်းပန်းတဲ့အချိန်… သူအမှားကျူးလွန်မိတဲ့အချိန်…


(၄၁) ကိုယ့်မှာ ရည်းစားများကြောင်း ယောကျာ်းလေးသူငယ်ချင်းများကြောင်းကိုကြံကြံဖန်ဖန် သွားကြွားမနေပါနဲ့… သူတို့ မင်းကို အားမကျတဲ့အပြင် မင်းကို အထင်သေးလိမ့်မယ်…


(၄၂) တစ်နေကုန် ငါ့ကိုချစ်လားလို့ မေးမနေပါနဲ့… မင်းမေးလိုက်တဲ့အချိန်ဟာသူမင်းကို မချစ်တော့တဲ့အချိန်ဘဲ…


(၄၃) အသက်၂၀အောက်မှာ ကိုးရီးယားအချစ်ဇာတ်လမ်းလေးတွေကိုယုံတယ်ဆိုရင် ထားလိုက်ပါတော့… အသက် ၂၀ ကျော်လို့မှ ကိုးရီးယား အချစ်ဇာတ်လမ်းလေးတွေကို ယုံနေသေးတယ်ဆိုရင်တော့ သွားပြီ…


(၄၄) သိထားရမှာက ယောကျာ်းတစ်ယောက် ကောင်းလားဆိုးလားဆိုတာသူ မျက်နှာများတာ သစ္စာရှိတာကို ကြည့်တာမဟုတ်ဘူး…သမိုင်းတောက်လျှောက်မှာ ယောကျာ်းတွေဟာ မျက်နှာများကြတယ်…ကြည့်ရမှာက သူ ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်လဲ ဆိုတာကိုပါ…


(၄၅) သတိထားမိကြလားမသိဘူး… စိတ်ထဲမှာ စွဲမှတ်ထားစေတဲ့အချစ်ဇာတ်လမ်းတွေဟာ ဇာတ်သိမ်းမကောင်းကြဘူး…


(၄၆) ဆေးလိပ်… အရက်… စတာတွေဟာ သမိုင်းဦးကတည်းကလူအများက အဆိပ်လို့ သတ်မှတ်ခဲ့ကြတယ်…မိန်းကလေးအတွက် အချစ်ကလဲ ဒီလိုပါဘဲ… အသက်တောင်ဆုံးရှူံးနိုင်တယ်…


(၄၇) သတ္တိရှိတဲ့ မိန်းကလေးဟာ ပျော့ညံ့တဲ့ မိန်းကလေးထက် ပိုလှတယ်…တကယ်လို့ မင်းရဲ့ချစ်သူက မင်းကို မချစ်တော့ဘူးဆိုရင် သတ္တှိရှိရှိသာခွဲခွာပြစ်လိုက်ပါ… ပျော့ပျော့ညံ့ညံ့နဲ့ တွယ်ကပ်နေတာထက်စာရင်ကောင်းပါတယ်…


(၄၈) စေ့စပ်ပြေငြိမ်းအောင်စွမ်းဆောင်နိုင်တဲ့ မိန်းကလေးက တန်ဖိုးကြီးတယ်…ဒါပေမဲ့ စေ့စပ်ပြေငြိမ်းအောင်ဘဲ လုပ်တတ်တဲ့ မိန်းကလေးကတန်ဖိုးလျော့တတ်တယ်…


(၄၉) မိန်းမတော် မလုပ်နဲ့… တော်တဲ့မိန်းမ လုပ်ပါ…အချစ်ကမ္ဘာမှာ ကျနော်တို့ဟာ အမြဲတမ်းလိုလိုဆင်ခြင်တုံတရားကင်းမဲ့တတ်ကြတယ်…နိုးကြားနေတဲ့အချိန်မှ ဒါဟာ အိပ်မက်တစ်ခုလို့ သိလာရတယ်…


မိန်းကလေးတွေ အတွက် ဆိုပေမဲ့ ယောကျာ်းလေးတွေ အတွက်ပါ အသုံးဝင်မယ်ထင်ပါတယ်…
ဒီစာကို ဖတ် ပြီး ကိုယ့်ရင်ထဲမှာ တစ်ခုခုတော့ ကျန်ခဲ့မိကြမှာပါ…

Leave a Reply

Your email address will not be published. Required fields are marked *