မျက်တောင်ထူထူရှည်ရှည်လေးတွေရလာစေဖို့ အိမ်မှာအလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ငွေ အကုန်အကျသက်သာတဲ့ နည်းလမ်းကောင်းတွေဖြစ်တာကြောင့် လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

ကြက်ဆူဆီ၊ အုန်းဆီ

အရင်ဆုံး မျက်တောင်လေးတွေကို mild cleanser နဲ့သန့်စင်ပြီး ရေနဲ့သန့်စင်ပါ။ ပြီးရင် ခြောက်အောင်ထားပြီး ကြက်ဆူဆီ (သို့) အုန်းဆီကို ဂွမ်းတံလေး နံ့ယူပြီး မျက်တောင်လေးတွေမှာ သုတ်ပေးပါ။ မျက်လုံးထဲမဝင်အောင်တော့ သတိထားပေးပါ။ ညတိုင်းလုပ်ပေးပြီး မနက်မှ မျက်နှာသစ်ပါ။ မျက်တောင် လေးတွေ သိသိသာသာထူပြီး ရှည်လာတာကို တွေ့ရပါလိမ့်မယ်။

Vitamin E

Vitamin E ကို မျက်တောင်ကော့တဲ့အဟံ (သို့) ဂွမ်းတံလေးနဲ့ယူပြီး မျက်တောင်လေးတွေကော့ပေး၊ သုတ်ပေးပါ။ မျက်တောင်လေးတွေ ထူပြီးရှည်လာ တာကို တွေ့ရပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။

Green Tea

ရေနွေးခွက်ထဲကို green tea အရွက် (သို့) green tea bag ထည့်စိမ်ပြီး ၁၀ မိနစ်လောက်ထားပါ။ အချိန်ပြည့်ရင် စိမ်ထားတာကိုထုတ်ပြီး အရည်ကို အအေးခံပါ။ အေးသွားပြီဆိုမှ ဂွမ်းတံလေးနဲ့တို့ယူပြီး မျက်တောင်မှာ သုတ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် နေ့တိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ မျက်တောင်လေးတွေ ယူပြီးရှည်လာမှာပါ။

Vaseline (Petroleum Jelly)

Vaseline (Petroleum Jelly) ရှိရင် ဂွမ်းတံလေးနဲ့တို့ယူပြီး မျက်တောင်မှာသာ သုတ်ပေးပါ။ မျက်လုံးအသားကိုမထိအောင်တော့ ဂရုစိုက်ပေးပါ။ ညအိပ် ယာဝင်ခါနီးတိုင်း နေ့တိုင်းပုံမှန်သာလုပ်ပေးပါ။ မျက်တောင်လေးတွေရှည်ပြီး ထူလာပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *