သဘာဝဖြစ်ပစ္စည်းလေးတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေအများကြီး ရှိပါတယ်။ ကရိကထလည်းမများ၊ ဈေးလည်းမကြီး၊ အလွယ်တကူ လက်လှမ်းမှီသုံးလို့ရတဲ့ ပစ္စည်းတွေကိုအဓိကထား ဖော်ပြပေးလိုက်ပါတယ်။
(၁) အသားအရေ ဖြူ လိုပါသလား
လိမ္မော်သီးအခွံကို နေပူ လှမ်းပါ။ ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို အမှုန့်ဖြစ်သွားအောင် ကြိတ်ပါ။ ထိုအမှုန့်နဲ့ နွားနို့နဲရောပြီး ပျစ်ခဲနေတဲ့အရည်ကိုအရေပြားပေါ်မှာလိမ်ပေးပါ။ အရေပြား ခြောက်သွေ့သွားပြီဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာပါမယ်။
(၂) အိမ်တွင်းဖြစ် Whitening lotion
သခွားသီးကိုအရည်ထွက်အောင် လုပ်ပါ။ သခွားရည်ကို သံပုရာရည်နှစ်စက်ခန့်ရောစပ်ပြီး သမအောင်ပြုလုပ်ပါ။ မျက်နှာနှင့်လည်ပင်းတွင် နာရီဝက်ခန့်လိမ်ထားပါ။ပြီးရင် မပူမအေးရေနွေးလေးနဲ့ ဆေးကြောပါ။ သင်အသားအရေဟာ ဝင်းလက်တောက်ပြောင်လာပါလိမ့်မယ်
(၃) အိမ်တွင်းဖြစ် Facial Mask
ပျားရည်တစ်ဇွန်း(စားပွဲတင်ဇွန်း) နဲ သင်္ဘောသီးရည် တစ်ဇွန်း ရောလိမ်းပါ။ ၁၅မိနစ်ခန့် ကြာလျှင် ရေနဲ့ပြန်ဆေးပါ။ ဒါက Facial mask အိမ်တွင်းဖြစ် ပြုလုပ်တဲ့ နည်းပါ။
(၄) နေလောင်ဒဏ်အတွက်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သံပုရာရည်နဲ့သမအောင် ရောပြီးလိမ်းပေးပါ။ နနွင်းက အရေပြားကိုပြန်လည်ပြုပြင်ပေးပါတယ်။ ဒီနည်းဟာနေလောင်တဲ့ အသားအရေအတွက် အထိရောက်ဆုံး ဆေးနည်းပဲ ဖြစ်ပါတယ်။
( ၅) မျက်နှာဖြူဖွေးချင်တာလား
ခရမ်းချဉ်သီး၂-၃လုံးလောက်ကိုအရည်ဖြစ်အောင်လုပ်ပါ။သံပုရာသီးအရည်နှစ်စက်ခန့်ရောပြီးမွှေပါ။မျက်နှာပြင်ပေါ်လိမ်ပြီး ၁၅-၂၀မိနစ်ခန့်ထားပါ။ ပြီးရင်ရေအေးအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးပါက ၁၅ရက်၊ ရက်၂၀အတွင်း မျက်နှာဖြူဖွေးလာပါလိမ့်မယ်။
(၆) ကိုယ်ခန္ဓာပေါ်မှာ အမဲကွက်နဲ့ အစက်အပျောက်ဖြစ်နေခဲ့ရင်
အာလူးတစ်လုံးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးပါ။ ညစဉ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်တဲ့ နေရာတွေမှာ ကပ်ပြီးအိပ်ပါ။ နဂိုအသားအရေအတိုင်း ပြောင်းလဲလာပါလိမ့်မယ်။
ရှောင်ရန်
Whitening Product တွေကို ဝယ်ယူတဲ့အခါ အလှကုန်ပစ္စည်းတွေဟာ အဆီပြန်တဲ့အသားရေ၊ ခြောက်သွေ့သောအသားရေဆိုပြီး သီးသန့်ထုတ်လုပ်ထားတဲ့အတွက် မိမိအသားအရေနဲ့ မလိုက်ဖက်တာ ဝယ်ယူခြင်းကို သတိပြုသင့်ပါတယ်။ အသားဖြူချင်တယ်ဆိုရင် ဆီများတဲ့ အစားအစာ၊ အစပ်များတဲ့ အစားအစာတွေကို ရှောင်ရှားပါ။ အဆီ၊ အစပ်တွေက အရေပြားပေါ်က ရေဓာတ်ကို ခြောက်ခမ်းစေပြီး မည်းကွက်လာစေပါတယ်။ ကာယလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဒါမှသာ သွေးလေလည်ပတ်မှု အားကောင်းပြီး အသားထဲကို ဆေးစိမ့်ဝင်မှာ ဖြစ်ပါတယ်။ Whitening product တွေဘယ်လောက်သုံးသုံး လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် အကျိုးထိရောက်မှု နှောင့်နှေးပါတယ်။