အလွယ်ကူဆုံး အသုံးဝင်မယ့် အစွမ်းထက် လိမ်းဆေးလေးများ
၁။ကွမ်းရွက်
ကွမ်းရွက်အရိုးကိုထုခြေ၍မျက်ခမ်းတစ်လျောက်အပေါ်အောက်သုတ်လိမ်းပေးခြင်းကိုတစ်နေ့သုံးကြိမ်ပြုလုပ်ပေးပါက..မျက်သားယားယံခြင်း၊မျက်စိနာခြင်းတို့သက်သာပျောက်ကင်းစေပါသည်။
၂ ။ကွမ်းသီး
အနာပေါက်ရောဂါများ၌ကွမ်းသီးကိုသွေး၍လိမ်းပေးနိုင်ပါသည်။အပူလောင်ပြည်ဖုနာများ၌ကွမ်းသီးနဲ့ကြက်ချေးကိုသွေးလိမ်းပေးလျှင်ပျောက်ကင်းစေနိုင်ပါသည်။အမာရွတ်ပျောက်စေရန် ကွမ်းသီးအား ရေဖြင့်သွေးလိမ်းပါ။
၃။ကွမ်းစားဂမုန်း
ကွမ်းစားဂမုန်းဥကိုသနပ်ခါးနှင့်ရောပြီးလိမ်းပေးပါက မျက်နှာတွင်အဆီထွက်ခြင်းမှသက်သာစေပါသည်။အဖုအကြိတ်အမျိုးမျိုးတွင်ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်းပေးပါကအဖုအကျိတ်များကြေစေပါသည်။
ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်းပေးပါကအမွှေးနံသာအဖြစ်လည်ကောင်းခေါင်းလျှော်ရာတွင်လည်ကောင်းထည့်သွင်းအသုံးပြု နိုင်ပါသည်။
၄။ကြောင်လျှာ
လေဖြတ်၍တစ်ခြမ်းသေ၊တစ်ပိုင်းသေ၊ထုံကျဉ်နာ၊ ချည့်နဲ့သောသူများသည်ကြောင်လျှာမြစ်၊ကြောင်လျှာခေါက်တို့ကိုသွေးလိမ်းပေးခြင်းဖြင့်ရောဂါဝေဒနာသက်သာစေနိုင်သည်။
ဖောရောင်ခြင်းကိုလည်းပျောက်ကင်းစေနိုင်သည်။အနာဝင်၍ငန်းမန်းလိုက်ပါကကြောင်လျှာမြစ်ကိုသွေးလိမ်းပေးနိုင်ပါသည်။
၅။ကြက်ဟင်းခါး
ကြက်ဟင်းခါးသီး အခြောက်ကိုသွေးလိမ်းပေးခြင်းဖြင့်လည်ပင်းရောင်ရောဂါသက်သာပျောက်ကင်းစေနိုင်ပါသည်။
အရေပြား၌ယားနာအမျိုးမျိုးပေါက်ခဲ့သော်
ကြက်ဟင်းခါးပင်ပဉ္စငါးပါး၊သစ်ကြပိုးခေါက်၊ပိတ်ချင်းနှင့်ဗာဒံစေ့တို့ကိုရောကြိတ်၍လိမ်းပေးနိုင်ပါသည်။အဆစ်မြစ်ရောင်ရမ်းသော်ကြက်ဟင်းခါးသီးနုများ၏သတ္တုရည်ကိုမီးဖြင့်နွေးရုံအပူပေး၍လည်းလိမ်းပေးသင့်၏။
ခြေဆစ်လက်ဆစ်ဖောရောင်သော်
ကြက်ဟင်းခါးရွက်ကိုထောင်း၍..ဂုံညင်းဆံနှင့်ကန့်ဘလူဥကိုဆန်ဆေးရေဖြင့်သွေး၍ရောကာလိမ်းပေးခြင်းဖြင့်အဖောရောင်များသက်သာစေပါ၏။
၆။ကြက်သဟင်း
ကြက်သဟင်းမြစ်ကိုဆန်ဆေးရည်နှင့်သွေးလိမ်းပေးပါ အဖုအကျိတ်၊အနာပေါက်ရောဂါများကိုပျောက်ကင်းစေပါသည်။အဆိပ်ရှိသောပိုးမွှားများအကိုက်ခံရလျှင်လည်း၎င်းဆေးရည်ကို လိမ်းပေးနိုင်ပါသည်။
၇။ကြက်သြန္နီ
နေပူရှိန်ရှိန်ထဲသွားလာမိခြင်းကြောင့်နေပူလောင်ခဲ့သော်ကြက်သွန်နီသတ္တုရည်ကိုလိမ်းပေးသင့်၏။အလွန်ယားယံသောအရေပြားရောဂါများတွက်လည်း၎င်းဆေးရည်ကို လိမ်းပေးလျှင်သက်သာပျောက်ကင်းစေ၏။
ကင်း၊ခွေးနှင့်အဆိပ်ရှိသောသတ္တဝါများအကိုက်ခံရ၍အဆိပ်တက်လျှင်လည်းကြက်သွန်နီဥသတ္တုရည်ကိုဒဏ်ရာနေရာတွင်လိမ်းပေးရုံဖြင့်အဆိပ်များ ပြေလျော့သက်သာစေပါမည်။
၈။ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ဥ၊လေးညှင်းနှင့်နှမ်းဆီတို့ကိုရောစပ်၍ကျိုချက်လိမ်းပေးပါလျှင်ကိုယ်လက်ကိုက်ခဲခြင်း၊နားပြည်ယိုခြင်းစသည့်ရောဂါဝေဒနာများသက်သာစေနိုင်ပါသည်။
၉။ကြံ
ကျတ်ပတီးနာရှိသူများအားကြံရည်နှင့်ဖန်းခါးသီးသတ္တုရည်တို့ကိုရော၍အနာများကိုလိမ်းပေးလျှင်သက်သာပျောက်ကင်းနိုင်ပါသည်။
၁၀။ကန်စွန်း
ငန်းမန်း ရှိသောအနာကိုကန်စွန်းရွက်နှင့်ဘူးရွက်ရောစပ်၍သတ္တုရည်ညှစ်ပြီးအနာကိုဆွတ်လိမ်းပေးခြင်းဖြင့်အညှော်၊ငန်းမန်းကိုကျစေနိူင်၏။
မီးလောင်နာ၊ အပူလောင်နာတို့တွက်လည်းကန်စွန်းရွက်သတ္တု ရည်နှင့်သကြားရောစပ်၍လိမ်းပေးခြင်းဖြင့်သက်သာပျောက်ကင်းစေပါသည်။