ဒူးခေါင်းမဲလို့ အတိုမဝတ်ရဲဖြစ်နေတဲ့သူတွေနဲ့ ဒူးခေါင်းမဲနေတာကို ဖြူချင်တဲ့သူတွေအတွက် လွယ်လွယ်ကူကူ အာလူးနဲ့ ပြန်ဖြူလာအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

အာလူးက အသားအရေကို သဘာဝအတိုင်း Mild Bleach လုပ်ပေးနိုင်တဲ့အပြင် အသားအရေကို Bright ဖြစ်လာစေတယ်။ ပိုပြီးလည်း နူးညံ့လာစေပါတယ်။
ဒူးခေါင်းမဲနေတာကို ပြန်ဖြူလာစေဖို့ အာလူးနဲ့လုပ်လို့ရမယ့်နည်းလမ်းက ၂ မျိုးရှိပါတယ်။


ပထမတစ်နည်းကတော့ အာလူးတစ်လုံးကို ခြစ်ချပြီး ရလာတဲ့အဖတ်တွေကို အဝတ်တစ်ခုထဲထည့်ပြီး အရည်ညှစ်ချရမှာပါ။ ရလာတဲ့အရည်တွေကိုမူ ဒူးခေါင်းမှာလိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချပြီး Lotion သာလိမ်းထားလိုက်ပါ။ ဒူးခေါင်းနေရာက ကြမ်းနေတတ်တဲ့အတွက် Lotion ပုံမှန်လိမ်းပေးရင် နူးညံ့လာစေပါတယ်။


ဒုတိယတစ်နည်းကတော့ အာလူးကို အဝိုင်းဖတ်လေးတွေရအောင် လှီးလိုက်ပါ။ ပြီးရင် လှီးထားတဲ့ အာလူ၊အဖတ်နဲ့ ဒူးခေါင်းကို ၁၅ မိနစ်လောက် ပွတ် ပေးပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ပြီး Lotion လိမ်းထားလိုက်ရုံပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *