မိန်းကလေးတယောက်ရဲ့ မျက်နှာအလှကို ဖျက်ဆီးတဲ့ထဲမှာ မှဲ့ခြောက်ကိုလည်း ထည့်သင့်တယ်မှဲ့ခြောက်ဆိုတာ မျက်နှာအရေပြားပေါ်မှာ အညိုရောင်အပြောက်သေးသေးလေးတွေ ဖြစ်တာကို ခေါ်ပါတယ်။
အရွယ်အစားက မီးခြစ်ဆံခေါင်းလောက်ရှိတယ်။ အရေပြားမှာ မယ်လနင်ပိုထွက်လို့ဖြစ်ရတယ်။ အထူးသဖြင့် အသားအရေဖြူတဲ့သူတွေမှာဖြစ်ရင် ပိုသိသာတယ်မှဲ့ခြောက်ဆိုတာ နေရာတိုင်းမှာ ထွက်နိုင်ပါတယ်။ အထူးသဖြင့် နေရောင်နဲ့ တိုက်ရိုက် ထိတဲ့နေရာတွေမှာ ပိုထွက်လေ့ရှိတယ် ရွှေဝါရောင် ဆံပင်ရှိတဲ့အမျိုးသမီးတွေ၊ အသားဖြူတဲ့သူတွေဟာ မှဲ့ခြောက်ထွက်နိုင်ခြေပိုများတယ်။မှဲ့ခြောက်က မျိုးရိုး၊ဟော်မုန်းနဲ့ အရေပြားကြောင့် ဖြစ်တယ်။ မျိုးရိုးရှိရင် သတိထားပါ။ အမေမှာရှိရင် သမီးမှာလည်း ရှိနိုင်တယ်။
ဒါ့ကြောင့် အိမ်သူသက်ထားရွေးတော့မယ်ဆိုရင် အမေကိုကြည့်လို့ ပြောကြတယ်မလား။နေပူထဲထွက်ရင် လူတိုင်းအသားမဲကြတယ်။ မယ်လနင်ထွက်လို့ဖြစ်ပါတယ်။နေရောင်ထဲပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားအပြင်လွှာ epidermis ကို ထိခိုက်စေတာမို့ melanocytes ဆဲလ်တွေကို ပိုအလုပ်လုပ်ပြီး မှဲ့ခြောက်တွေ ပိုဆိုးလာတယ်။
ဒါ့ကြောင့် မှဲ့ခြောက်ထွက်သူတွေ ဘာရှောင်မလဲမေးရင် နေပူထဲသွားတာမျိုး ရှောင်သင့်တယ်။ မဖြစ်မနေသွားရရင်လည်း နေလောင်ကာလိမ်းဆေး spf 50 အထက်ပါတာ သုံးရမယ်။မှဲ့ခြောက်ဟာ မျိုးရိုးကြောင့်ဖြစ်တာနဲ့ နေလောင်လို့ဖြစ်တာဆိုပြီး နှစ်မျိုးရှိတယ်။မျိုးရိုးကြောင့် ဖြစ်တဲ့မှဲ့ခြောက်တွေက size သေးတယ်။
အနားသတ်က ညီညာတယ်။ ဝိုင်းစက်နေတယ်။ နွေရာသီမှာ ပိုသိသာပြီး ဆောငိးရာသီမှာ အရောင်ဖျော့သွားတယ်။နေလောင်လို့ဖြစ်တာကျတော့ အနားသတ်မညီညာဘူး။ အရောင်ပိုမဲတယ်။
တချို့က အိမ်သုံးနည်းတွေသုံးကြတယ်။ အသီးနှစ်မျိုးကို ရောပြီး မျက်နှာကို လိမ်းပေးတာမျိုးဖြစ်တယ်။
စတော်ဘယ်ရီအနည်းငယ်နဲ့ ကီဝီသီး အချို့ကိုရောပြီး ညက်နေအောင် ချေပြီး မှဲ့ခြောက်ထွက်တဲ့ နေရာတွေမှာ ကပ်ပေးပါ။ ခြောက်အောင်ထားပါ။
မိနစ်နှစ်ဆယ် နာရီဝက်ကြာနိုင်တယ်။ ပြီးရင် မျက်နှာသစ်ပါ။ ကီဝီသီးနေရာမှာ သခွားသီး၊ တရုတ်ဇီးသီး ပြောင်းသုံးနိုင်တယ်။ လုပ်နည်းကတော့ အတူတူပါပဲ။
ကြားထဲမှာ ရံဖန်ရံခါ ရှားစောင်းလက်ပပ်လည်း လိမ်းပေးသင့်တယ်။ နေလောင်ခြင်းအတွက်သာမက မျက်နှာ အစိုဓာတ်ကို ထိန်းပေးနေမယ်။
အလွယ်ဆုံး မှဲ့ခြောက်ပျောက်နည်းတခု မှဲ့ခြောက်အတွက် အလွယ်ဆုံးနည်းကတော့ နွားနို့သုံးတာဖြစိပါတယ်။ နွားနို့ထဲမှာ lactic acid ဆိုတာ ပါတယ်။
အာနိသင်က အပေါ်ယံအရေပြားကို ကွာစေတယ်။ အရောင်ချွတ်ပြစ်တယ်။ မှဲ့ခြောက်တွေတဖြည်းဖြည်းနဲ့ မှေးမှိန်သွားတယ်။ နွားနို့မရှိရင် ဒိန်ချဉ် သုံးလို့လည်းရတယ်။သုံးနည်းက လွယ်ပါတယ်။ သံပုရာသီးတလုံးကို ထက်ခြမ်းခြမ်းပါ။ သံပုရာသီးခြမ်းပေါ်ကို ဒိန်ချဉ်တဇွန်း လောင်းပါ။ပြီးရင် သကြား ဇွန်းတဝက်စာ ဖြူးထည့်ပါ။မျက်နှာမှဲ့ခြောက်ထွက်တဲ့နေရာမှာ လိမ်းပြီး ဆယ်မိနစ်ထားပါ။ ပြီးရင် ရေအေးနဲ့ ပြန်သစ်ပါ။ ညတိုင်းပြုလုပ်ပေးရုံနဲ့ မှဲ့ခြောက်တွေတဖြည်းဖြည်း မှေးမှိန်ပြီး ပျောက်ကွယ်သွား တာတွေ့ရပါလိမ့်မယ်