ဝလာလို့ဖြစ်လာတဲ့ အဆီပိုတွေထဲမှာ အဝတ်အစားနဲ့ ဘယ်လိုမှဖုန်းလို့မရတဲ့အထဲမှာ မေးစေ့နှစ်ထပ်က အဆီတွေလည်း ပါပါတယ်။ ဒီလိုကြည့်ရဆိုးတဲ့ မေးနှစ်ထပ်က အဆီပိုတွေကြောင့် အသားအရေက တင်းရင်းမှုမရှိတော့ဘဲ ပျော့တွဲလာပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီလိုကြည့်ရဆိုးတဲ့ မေးစေ့နှစ် ထပ်ကအဆီတွေကို တစ်နေ့ကို 15-20 မိနစ်လောက Facial Yoga လေ့ကျင့်ပေးရုံနဲ့ လွယ်လွယ်ဖယ်ရှားနိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရင် ပါးပြင်က အဆီတွေကို လောင်ကျွမ်းစေပြီး ပါးပြင်ကြွက်သားတွေကို တင်းရင်းစေပါတယ်။

1. Lip Pul

ခေါင်းကိုတည့်တည့်ထားပြီး မေးစေ့ကြွက်သားနဲ့ မေးရိုးတွေကို ဆန့်ထုတ်ပြီး အောက်နှုတ်ခမ်းကို တတ်နိုင်သမျှ ကြွလိုက်ပါ။ ဒီပုံစံအတိုင်း ခနနေပြီး အနည်းဆုံး ၃ ကျော့လုပ်ပေးပါ။

2. Chin lift

မျက်နှာကို မျက်နှာကြပ်ဆီမော့ပြီး မျက်နှာကျက်ကို နမ်းဖို့ ကြိုးစားနေသလို နှုတ်ခမ်းကို စုလိုက်ပါ။ ဒီအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာ အောင် နေပြီး ထပ်လုပ်ပေးပါ။

3. Fish Face

ငါးမျက်နှာလို နှုတ်ခမ်းနဲ့ ပါးတွေကို အတွင်းပိုင်း စုပ်ယူလိုက်ပါ။ ဒီအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာအောင် နေပြီး ထပ်လုပ်ပေးပါ။

4. Jaw Release

အရင်ဆုံး သက်တောင့်သက်သာထိုင်ပြီး ပါးစပ်ကိုပိတ်ပြီး အစာစားနေသလိုမျိုး မေးရိုးကို ရွှေ့ပေးပါ။ ဒီအနေအထားကို စက္ကန့်အနည်းငယ်ကြာ ထိန်း ထားပြီး ထပ်လုပ်ပါ။

5. Mouthwash

ပါးစပ်ကို လေနဲ့ ဖြည့်ပြီးရင် ပါးစပ်ကို ခံတွင်းဆေးရည်နံဆေးသလိုမျိုး လေကို တစ်ဖက်ကနေ နောက်တစ်ဖက်ကို ပို့ပေးပါ။ ဒါကို မိနစ်နည်းနည်း လောက်ကြာအောင်လုပ်ပြီး ထပ်လုပ်ပေးပါ။

6. Yoga Poses

အရင်ဆုံး တင်ပျဉ်ခွေထိုင်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ပါ။ မေးရိုးကို ကျယ်ကျယ်ဖွင့်ပြီး ပါးစပ်ကိုဖွင့်ပြီး မေးစေ့ဆီလျှာကိုထုတ်လိုက်ပါ။ အနေအထားကို စက္ကန့်အနည်းငယ်ကြာ ထိန်းထားပြီး ထပ်လုပ်ပါ။

7. Jivha Bandha (Locked Tongue Pose)

လျှာဖျားကို ပါးစပ်ရဲ့ အပေါ်ဘက်နံရံကို ကပ်ထားပါ။ လျှာကို ထိန်းထားပြီး လည်ပင်းတွင် ဆန့်ထွက်သည်ဟု ခံစားရသည်အထိ ပါးစပ်ကို ဖြည်းဖြည်း ချင်း ဖွင့်ပါ။ ဒီအနေအထားကို စက္ကန့်အနည်းငယ်ကြာ ထိန်းထားပြီး ထပ်လုပ်ပါ။

8. XO Exercise

X နဲ့ O ကို အသံထွက်သလိုမျိုး လုပ်ပေးပါ။ဒီပုံစံအတိုင်း ခနနေပြီ။ အနည်းဆုံး ၃ ကျော့လုပ်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *