သခွားသီးဆိုတာ အလှအပရေးရာအဖြာဖြာအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။
သခွားသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်သလို ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ ဒီဓာတ်တွေဟာ ခန္ဓာကိုယ်ကို များစွာ အကျိုးပြုပါတယ်။ အရိုး၊ ကြွက်သားတွေကို ကောင်းမွန်စေပါတယ်။
သခွားသီးမှာ Silica လည်း ပါဝင်တာမို့ အသားအရေ ကြည်လင်တောက်ပစေပြီး ရေဓာတ်များများ ရလို့ ကျန်းမာရေးလည်း ကောင်းစေပါတယ်။
Body Scrub ဆိုတာလည်း တစ်ပတ်တစ်ခါသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းပြီး အသားအရေနူးညံ့စိုပြည်လာစေမယ်။ ဆဲလ်သေတွေဖယ်ရှားပေးလို့ အသားအရေလည်း ကြည်လင်လာစေပါတယ်။
ဒါကြောင့် Body Scrub လည်းလုပ်လို့ရအောင် ငွေကုန်လည်းသက်သာအောင် သခွားသီး Body Scrub ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။
သခွားသီး Body Scrub ပြုလုပ်ဖို့အတွက်
ရေသန့် – ၁ ခွက်၊ သကြားဖြူ – ၂ဝဝ ဂရမ်၊ နုတ်နုတ်စင်းထားတဲ့ သခွားသီး – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ (၁၁၂ဂရမ်)၊ အုန်းဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ (၅၂ ဂရမ်)တို့ကို Blender ထဲထည့်ပြီး ၄၅ စက္ကန့်ကြာအောင် မွှေပါ။ အနံ့မွှေးချင်ရင် ပင်စိမ်းရွက်ကိုလည်းကြိတ်ပြီးထည့်လို့ရပါတယ်
သေချာမွှေပြီးပြီဆိုရင်တော့ ဘူး (သို့) Jar ထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာ ၅ ရက်လောက်သိမ်းထားလိုက်ပါ။ ပြီးရင်တော့ Body Scrub အဖြစ် ထုတ်သုံးလို့ရပါပြီ။
သုံးပြီးတိုင်းမှာလည်း ရေခဲသေတ္တာထဲထည့်ထားဖို့ လိုပါတယ်။ ဘယ် Scrub ပဲဖြစ်ဖြစ် အပြင်မှာထုတ်မထားရပါဘူးနော်။ ရေခဲသေတ္တာထဲမှာပဲ သိမ်းထားရမှာပါ။