ဒီကနေ့ လူတွေအများအားဖြင့် အသားအရေဆိုင်ရာ
ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ အမည်းစက်တွေ၊ အညစ်အကြေးတွေ၊ မှဲ့ခြောက်တွေနဲ့ ဝက်ခြံပြဿနာတွေပါ။
ဒါ့ကြောင့် အသားအရေဆိုင်ရာ ပြဿနာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့အတွက် နံနံပင်ကို အသုံးပြုပြီး အမည်းစက်တွေနဲ့ နေလောင်ကွက်တွေကို ပျောက်ကင်းစေမည့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
အခုနည်းကို လုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေက
ရေ ၂ဝဝ မီလီလီတာ
နံနံရွက် တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သံပုရာရည်ကိုအစားထိုးသုံးပေးနိုင်ပါတယ်။)
ပြင်ဆင်ခြင်း
အရင်ဆုံး အိုးတစ်လုံးထဲမှာ ရေထည့်ပြီးအပူပေးပါ။ ပြီးရင်ပွက်ပွက်ဆူလာတဲ့ထိ ထားပေးပါ။ အဲဒီနောက် နံနံပင်ရွက်ကိုထည့်ပေးပြီး အပူရှိန်လျှော့ကာ ၁၅ မိနစ်လောက် ထားပေးပါ။
အဲဒီနောက် မီးဖိုပေါ်ကချပြီး အေးအောင်ထားပါ။ အဲဒီနောက် ရေဆစ်ချပြီး သံပုယိုရည်ထည့်ပေးပါ။ အဲဒီနောက်အဖုံးပါတဲ့ ခရားတစ်လုံးထဲ ပြောင်းထည့်ပြီး အဖုံးပိတ်ထားရေခဲသေတ္တာထဲထည့်ပေးပါ။
မနက်တိုင်း နဲ့ ညနေတိုင်းမှာ အဲဒီအရည်ကို မျက်နှာပေါ်လိမ်းပေးပြီး ၅ မိနစ်လောက်ထားကာ ရေဆေးချပေးပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အသားရေဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
၂ ပတ်လောက်အတွင်း ထူးခြားတဲ့ရလဒ်တစ်ခုကို သင် လက်တွေ့ခံစားမိမှာဖြစ်ပါတယ်။
နံနံရွက်ရဲ့ အကျိုးကျေးဇူး
နံနံရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပြီးအသားအရေဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်ရုံမကဖျားနာတာ၊ ဆီးချိုနဲ့ မျက်လုံးရောင်ရမ်းခြင်း၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် အသုံးပြုပေးနိုင်ပါတယ်။