Serum တွေရဲ့ အာနိသင်က သင့်အသားအရေထဲကိုအလွယ်တကူ စိမ့်ဝင်စေပြီး အသားအရေ စိုပြေစေဖို့၊ ရေဓာတ်ပြည့်နေဖို့ ကူညီပေးနိုင်ပါတယ်။ တရုတ်မှာဆိုရင် အမည်းစက်တွေရှိတဲ့၊ အပြစ်အနာအဆာ ရှိတဲ့ အသားအရေပေါ်မှာ Serum တင်ပြီး လူးလိုက်တာနဲ့ ချက်ချင်း ကြည်လင်ပြီး အပြစ်အနာအဆာ မရှိတော့တာတောင် ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ ဒီလို သဘာဝလွန် Serum မဟုတ်ဘဲ သဘာဝအတိုင်း နည်းလမ်းတွေနဲ့ သင်ကိုယ်တိုင် ဖန်တီးလို့ရမယ့် Serum လုပ်နည်းကို ဖော်ပြပါရစေ။ ဒီနည်းလမ်းထဲပါဝင်တဲ့ပစ္စည်းတွေက ပျိုမေတို့အများစုရဲ့ အသားအရေနဲ့တည့်တာကြောင့် ပျိုမေတို့အတွက် အသုံးဝင်ပါလိမ့်မယ်။
ဒီတော့ ကြည့်လိုက်ရအောင်နော်-
၁။ ရှားစောင်းလတ်ပတ်ဂျယ်
ပထမအဆင့်အနေနဲ့ ခွက်ထဲကို ရှားစောင်းလတ်ပတ်ဂျယ်ထည့်ပေးရပါမယ်။ ရှားစောင်းလတ်ပတ်ဂျယ်ကအသားအရေကို အေးမြစေတဲ့ အာနိသင်ရှိပြီး ယောင်ယမ်းတာ ကျစေပါတယ်။ ရှားစောင်းလတ်ပတ်က အသားအရေရဲ့ အစိုဓာတ်ကိုပါ ထိန်းသိမ်းပေးနိုင်ပါတယ်။
၂။နှင်းဆီရည်
နောက်တစ်ဆင့်အနေနဲ့ ဒီ ရှားစောင်းလတ်ပတ်ဂျယ် ထည့်ထားတဲ့ ခွက်ထဲကို နှင်းဆီရည် အနည်းငယ် ထပ်ထည့်ရပါမယ်။ နှင်းဆီရည် က မျက်နှာနီမြန်းတာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယား သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် နှင်းဆီရည်က အထူးသင့်တော်ပါတယ်။
Glycerin
Glycerin ကတော့ အားလုံး သိတဲ့အတိုင်း အသားအရေကိုအစိုဓာတ် ရအောင် ဖြည့်တင်းပေးနိုင်ပါတယ်။ ခုနက နှင်းဆီရည် နဲ့ ရှားစောင်းလတ်ပတ်ဂျယ် အရောထဲကို Glycerin တစ်ဇွန်းထည့်ပေးရပါမယ်။
၄။ သံပယိုရည် အနည်းငယ်
ဒီအရောထဲကို ထပ်ထည့်ပေးရမှာကတော့ သံပယိုရည်အနည်းငယ်ပါ။ သံပယိုရည်က မျက်နှာပေါ်က အမည်းစက်တွေ၊ အရေးအကြောင်းတွေကို ဖယ်ရှားပေးပြီး ပြစ်မျိုးမှဲ့မထင် အသားအရေကို ပိုင်ဆိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ဒီပါဝင်ပစ္စည်း အားလုံးကို ရောမွှေပေးရပါမယ်။
Serumသဘောရစေဖို့ အစက်ချပုလင်းထဲကို ထည့်ပေးရပါမယ်။ပြီးရင်တော့ သင့်မျက်နှာပေါ် Serum အနေနဲ့ ပုံမှန်လိမ်းပေးနိုင်ပါတယ်။ သဘာဝဆန်ဆန်မျက်နှာကို ပိုင်ဆိုင်ဖို့ ဒီ Serum က ကူညီပေးနိုင်ပါတယ်။ လိမ်းပြီး သုံးရက်အတွင်း သိသာထင်ရှားတဲ့ ရလဒ်တွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။