ဆံကေသာ တောက်ပြောင်သန်စွမ်းပြီး ကျန်းမာတဲ့ ဆံကေသာရရှိဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲနော်။ အုန်းဆီနဲ့ပတ်သတ်လို့အကျိုးကျေးဇူးတွေ အများကြီးရှိတာကြားဖူးကြပါတယ်။

ဒီတခါမှာတော့ အုန်းဆီကိုပေါင်းဆေးအဖြစ်အသုံးပြုပြီး ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းတာကို တိုက်ထုတ်ပေးနိုင်မယ့် နည်းလမ်းကိုမျှဝေပေးသွားပါမယ်။

၁။ အုန်းဆီ

အုန်းဆီစားပွဲတင်ဇွန်း ၁ ဇွန်းကို ခွက်တစ်လုံးထဲထည့်လိုက်ပါ။

၂။ ရေနွေးပူပူကိုသုံးပါ။

ခွက်အကြီးတစ်လုံးထဲမှာ ရေနွေးပူပူကိုထည့်ပြီး အုန်းဆီထည့်ထားတဲ့ ခွက်သေးသေးကို အဲဒီခွက်အကြီးထဲထည့်လိုက်ပါ။

၃။ ဆံပင်ကိုပုံမှန်အတိုင်းလျှော်မယ်။

အုန်းဆီကို အပူပေးနေချိန်မှာ ဆံပင်ကိုခေါင်းလျှော်ရည်နဲ့ ပုံမှန်အတိုင်းလျှော်ပေးလိုက်ပြီး ခြောက်အောင်ထားပါ။

၄။ နှိပ်ပေးမယ်။

အုန်းဆီကို ဦးရေပြားနဲ့ ဆံကေသာပေါ် လိမ်းပေးပြီးလက်ချောင်းလေးတွနဲ့ ညင်သာစွာနှိပ်ပေးပါ။ ဆံပင်အမြစ်ကနေ အဖျားထိ အုန်းဆီကို လိမ်းပေးပါ။ ခြောက်သွေ့နေတဲ့နေရာမှာ သေချာဂရုစိုက်ပြီး လိမ်းပေးပါ။

၅။ ခေါင်းဘီးကိုသုံးပါ။

ခေါင်းဘီးကျဲနဲ့ ဖြီးလိုက်ပါ။

၆။ ဆံပင်ကို တဘက်နဲ့ပေါင်းမယ်။

ဆံပင်ကို တဘက်နဲ့ ပေါင်းလိုက်ပြီး နာရီဝက် ၁ နာရီလောက်ထားလိုက်ပါ။

၇။ ခေါင်းလျှော်ရည်

တစ်နာရီလောက်ကြာပြီးရင် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပေါ် က အုန်းဆီကို ဖယ်ရှားလိုက်ပါ။အုန်းဆီဟာ ဆံကေသာကို အရှည်မြန်စေပြီး ဦးရေပြားကိုအဟာရဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။

မနက်ပိုင်းမှာအုန်းဆီလိမ်းပေးထားပြီး ညဖက်မှာခေါင်းလျှော်ပေးရင်လည်း ရပါတယ်နော်။ နေ့တိုင်းပြုလုပ်ပေးဖို့တော့မလိုပါဘူး။ ဆံပင်အဆီပြန်သွားမှာစိုးလို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *