ချွေးပေါက်တွေဆိုတာကလည်း ဘယ်လောက်ကောင်းတဲ့ Skin care သုံးသုံး မူလအသားအရေအတိုင်း ပြန်ပိတ်သွားတယ်ဆိုတာရှားပါတယ်။

လွယ်လည်းမလွယ်ပါဘူး။ သေချာဂရုစိုက်နိုင်မှာ၊ အချိန်တော်တော်ကြာအောင် Skin care အဆင့်အဆင့် ကို နိုင်နိုင်လုပ်နိုင်မှ ရလဒ်ကောင်းလေးရတာပါ။

ဆိုတော့ (၃) ရက်တည်းနဲ့ ချွေးပေါက်အကုန်ကျဉ်းအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းလေးက ဘယ်နည်းလမ်းဖြစ်မလဲဆိုတာ ရှာဖွေလိုက်ကြရအောင်နော်။

ကြက်ဥအကာနဲ့ သံပရာသီး

ကြက်ဥအကာနဲ့ သံပရာရည်ကို သမအောင်ရောမွှေပြီ။ မျက်နှာပေါ်(၁၅-၂၀) လောက်တင်ပေးထားလိုက်ပါ။ပြီးရင်တော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ ဒီနည်းလမ်းလေးက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်ကျယ်တာနဲ့ အဆီပြန်တာတွေကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါရည်

ဝက်ခြံပျောက်စေနိုင်တဲ့ မုန့်ဖုတ်ဆော်ဒါက ချွေးပေါက်လေးတွေကျဉ်းသွားအောင် လည်း ကူညီနိုင်ပါသေးတယ်။မုန့်ဖုတ်ဆိုဒါအနည်းငယ်ထဲ ရေ (၂) ဇွန်းလောက်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေပေါ်(၁၅-၂၀) မိနစ်လောက်တင်ထားပေးပါ။ပြီးရင်တော့ ရေအေးလေးနဲ့ဆေးချလို့ရပါပြီးချွေးပေါက်တွေကို လျင်လျင်မြန်မြန်ကျဉ်းစေနိုင်တဲ့ အကောင်း ဆုံးနည်း လမ်းတွေထဲက တစ်ခုပါ။

သံပရာသီးနဲ့ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးနှစ်လုံးကို အနှစ်ရတဲ့ထိရောမွှေပြီ။ သံပရာရည် (၁) စိတ်လောက် နဲ့ရောလိုက်ပါ။ပြီးရင်တော့ မျက်နှာတစ်ခုလုံးပေါ်နဲ့ အထူးသဖြင့် ချွေးပေါက်ကျယ်တဲ့နေရာပေါ်ကို (၁၅-၂၀) မိနစ်လောက် လိမ်းထားပေပါ
ခြောက်သွားပြီဆိုရင်တော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်လို့ရပါပြီ။အသီးနှစ်မျိုးလုံးက အက်ဆစ်ဓာတ်ပါတာကြောင့်မို့ အဆီဓာတ်ကင်းပြီး ချွေးပေါက်ကျဉ်းတဲ့မျက်နှာကို အလွယ်လေး ပိုင်ဆိုင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *