မိတ်ကပ်မပါလည်း လှတယ်ဆိုတဲ့ သူလေးတွေက သူတို့ဆီမှာမျက်ခုံးမွှေးထူထူလေးတွေ ရှိလိုပါနော်။ မျက်ခုံးမွှေးကကိုယ့်မျက်နှာ အသွင်အပြင်ကို ပြောင်းလဲနိုင်တယ်ဆိုတာတကယ်ပါနော်။
ကိုယ်က မွေးကတည်းက မျက်ခုံးမွှေးပေါက်တာ အားနည်းတယ် မျက်ခုံးမွှေးတွေက ထင်သလောက်မပေါက်လို့ စိတ်ညစ်နေတာလား။ သဘာဝနည်းအတိုင်း လုပ်ရတာလည်း လွယ်ကူပြီး နေ့တိုင်လုပ်ပေးလို့ရတဲ့ နည်းလမ်းလေးတွေမျှဝေပေးချင်ပါတယ်
သံလွင်ဆီ
သံလွင်ဆီကို ညဘက် Skin Care တွေအားလုံးပြီးသွားရင်တော့ ကိုယ့်ဆီမှာကုန်သွားတဲ့ Mascara ဘူးအခွံရဲ့အတန်ကိုအသုံးပြုပြီး သံလွင်ဆီနဲ့ အမွှေးပေါက်နေတဲ့နေရာလေးတွေကို ဆွဲပေးပါနော်။ ဒီနည်းလမ်းလေးကို ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပေးလို့ရပါတယ်။
နေ့တိုင်းပြုလုပ်ပေးပါကမျက်ခုံးမွှေးလေးတွေက မဲနက်ပြီးထွက်လာပါလိမ့်မယ်။မျက်တောင်ပါးရင်လည်း ဒီနည်းလေးကို အသုံးပြုလို့ရပါတယ်နော်။
သံပုရာသီးနဲ့ သံလွင်ဆီ
သံပုရာသီး တစ်စိပ်ကို အရည်ညစ်ပြီး ပန်းကန်လုံးလေးထဲထည့်ထားပါ။ သံလွင်ဆီကိုတော့ စားပွဲတင်ဇွန်း ၃ ဇွန်းလောက်ထည့်ပေးရင် ရပါပြီး။ နှစ်မျိုးစလုံးကိုရောမွေပြီးတော့ ၅မိနစ်ခန့် အဖုံးလေးနဲ့အုပ်ထားပေးပါ။
မျက်ခုံးမွှေးပေါက်နေတဲ့နေရာလေးကို လက်လေးနဲ့ညတိုင်း ပွတ်ပြီးလိမ်းပေးလို့ရပါတယ်။ တစ်ပတ်လောက်ကြာရင်တော့သိသိသာသာ မျက်ခုံးမွှေးလေးတွေ ထူနေမှာပါနော်။
ရှားစောင်းလက်ပတ်
ရှားစောင်လက်ပတ်ကတော့ ဈေးထဲမှာလည်းအလွယ်တကူဝယ်လို့ရသလို ကိုယ့်အိမ်မှာလည်းစိုက်ထားရင်လည်းအလွယ်တကူအသုံးပြုလို့ရတဲ့ အရမ်းအသုံးဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်ကို အပြင်အခွံလေးခွာပြီး အတွင်းထဲကအသားကိုယူပြီး မီးလေးနဲ့အပူပေးရပါတယ်။ အခဲလေးက အရည်လေးပျော်သွားပြီးဆိုလျှင်၁၅ မိနစ်လောက်အအေးခံပြီးထားပေးပါ။ ရလာတဲ့အရည်ကိုတော့ ဘူးလေးထဲမှာထည့်ထားပြီးရင်တော့ မျက်ခုံးမွှေးမျက်တောင်မွှေးရှိတဲ့ နေရာမှာလိမ်းပေးလို့ရပါတယ်။