ဆံပင် အရှည်ထားရတာ ရည်းစားထားရတာထက် ကို စိတ်ရှည်မှ ရပါတယ်။ဆံပင် မသန်ရတာနဲ့၊ ဆံပင် ဂရုမစိုက်နိုင်ရတာနဲ့၊ ဆံပင် တွေ ပြတ်ထွက်ရတာနဲ့ အတော်ကို အာရုံနောက်တဲ့ ကိစ္စပါ။အချိန်ပေးပြီး ပြုစုယုယနိုင်မှ တော်ကာ ကျပါမယ်။
ဒီလောက် ပေကပ်ကပ်နဲ့ မရှည်နိုင်တဲ့ ဆံပင်တွေကို အမြန်ရှည်လာအောင် ဘယ်လိုလုပ်မလဲ။ဆံပင်တွေကို ဓာတုပစ္စည်းတွေ မထိစေချင်ပါဘူး ဆိုသူတွေ၊ ဆံပင်မဆက်ချင်သူတွေ အတွက် အဆင်ပြေစေမှာပါ။အပျင်းကြီးလို့တော့ မရပါဘူး။ စိတ်မရှည် လို့လဲ မရပါဘူ
ဆံပင်ကိုခြောက်သွေ့မှဖြီးပါ
ဆံပင်ကိုခေါင်းလျှော်ပြီးခါစနဲ့ ရေစိုနေချိန်မှာဘယ်တော့မှမဖြီးရပါဘူး။ဆံပင်ဆိုတာတကယ်တော့ ဆဲလ်အသေးလေးတွေ အများကြီးဆက်ထားတဲ့အမျှင်တစ်ခုပါ။ ဆံပင်ကို ပေါင်းဆေးထည့်မယ်ဆို မထည့်ခင်ရေနွေးနဲ့လျှော်မယ်။ အကြေးခွံလိုဆဲလ်လေးတွေပွင့်သွားပြီးမှ ထည့်တော့ ပိုပြီးဆံသားထဲစိမ့်ဝင်တာပေါ့။
ရေစိုနေတုန်း ဘီးဖြီးတဲ့အခါ ဆံသားတွေကျွတ်ထွက်ကုန်တာပါ။ ဆံပင်ခြောက်ပြီဆိုမှ ဖြီးပေးတာကောင်းပါတယ်။ ညအိပ်ခါနီးတိုင်း တစ်ခါလောက်တော့ဖြီးပေးပြီးမှ အိပ်ယာဝင်တဲ့အကျင့်လုပ်ထားပါ။
နေ့တိုင်းခေါင်းမလျှော်ပါနဲ့
ချွေးထွက်လို့၊ ရေကူးလို့၊ အားကစားလုပ်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ နေ့တိုင်းခေါင်းကိုလျှော်မနေပါနဲ့။ ခေါင်းကနေ အလိုလိုထွက်တဲ့ခေါင်းဆီဆိုတာရှိပါတယ်။
နေ့တိုင်းလျှော်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့ခြင်းတွေဖြစ်လာနိုင်ပြီး ဆံပင်ကိုအရင်းကနေထိန်းထားပေးမယ့်အလုပ်နဲ့ ဆံပင်ကိုအားဖြည့်ပေးမယ့်အဆီတွေမရှိနိုင်တော့ပါဘူး။ ခေါင်းလျှော်တာနဲ့ ခေါင်းကိုကုတ်လိုက် ခြစ်လိုက်လုပ်တာက ဒီအဆီတွေ ခမ်းခြောက်သွားစေပါတယ်။
ဒါတွေစားပါ
ဥအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ အိုမီဂါ သရီးအက်ဆစ်၊ အစိမ်းရောင်အရွက်များ၊ ရွှေဖရုံသီး များများစားဖို့ လုပ်ပါ။သူတို့မှာက ပရိုတင်း (Protein) နဲ့ အဆီတွေပါရှိတာမို့ ဆံပင်အတွက် အားဖြည့်ပေးနိုင်မှာ ဖြစ်ပြီးသံဓာတ်နဲ့ အဆီတွေကို အရင်းကနေ အဖျားအထိ အားရှိစေမှာဖြစ်ပါတယ်။
သကြားရှောင်ပါ
ဆံပင်တွေဖွံဖြိုးဖို့ Collagen နဲ့ Keratin တွေကလိုအပ်ပါတယ်။ သကြားက ဒီ Collagen နဲ့ Keratin နှစ်မျိုးလုံးကိုဖျက်ဆီးပစ်လေ့ရှိပြီး ဆံပင်ကတော်တော်နဲ့မရှည်တော့ပါဘူး။
Collagen က ဆံပင်ကိုသန်မာစေတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး သကြားက ဒီအက်ဆစ်ဓာတ်ကိုပြိုကွဲသွားစေနိုင်ပါတယ် သကြားဓာတ်ကို လျော့စားလိုက်တာနဲ့ သင့်ဆံပင်နဲ့လက်သည်းလေးတွေမကျိုးမပဲ့တော့တာကိုတွေ့ရပါလိမ့်မယ်။
ခေါင်းကိုဇောက်ထိုးစိုက်တဲ့နည်း
အခုဆံပင်နဲ့ပတ်သတ်တဲ့အလှပညာရှင်တွေပြောနေကြလို့ခေတ်စားနေတဲ့နည်းပါ။ အထူးသဖြင့်ယောဂကျင့်သူတွေကြားမှာရေပန်းစားတယ်ဆိုပါတော့။ အဆီတစ်ခုခုဦးရေပြားကိုလိမ်းပြီးနောက်ခေါင်းကိုဇောက်ထိုးထားရတာပါ။ တစ်ရက်ကိုလေးမိနစ်လောက်လုပ်ပေးခြင်းဖြင့်တစ်ပတ်ကိုတစ်လက်မလောက်ရှည်ထွက်လာတာကိုတွေ့ရပါတယ်။
အဖျားနှစ်ခွတွေကို တိပေးပါ
ဒါကတော့ သိပ်ပြောစရာမလိုဘူးထင်ပါတယ်။အဖျားကို (၃) လတစ်ကြိမ်လောက် တိပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်နိုင်တယ်ဆိုတာသိပြီးသားဖြစ်ပေမယ့် တကယ် သိထားတဲ့အတိုင်း လုပ်ဖြစ်ဖို့လည်း လိုပါမယ်။