ဆံပင်အရှည်ထားတဲ့သူတွေက သူများထက်ပိုပြီး ဆံပင်ကိုဂရုစိုက်ပေးရပါတယ်။ ဆံပင်ရှည်နေတော့ ဆံသားကောင်းနေမှ ကြည့်လို့လှတာပါ။ ဆံပင်အရှည်ထားပြီး ပျက်စီးနေရင်လည်း အဆင်မပြေပါဘူး။

ဒါကြောင့် ဆံပင်အရှည်ထားတဲ့မိန်းကလေးတိုင်းအတွက် သတိထားရှောင်ကြဉ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Hair treatment မလုပ်ပဲမနေပါနဲ့

ဆံပင်အရှည်ထားတဲ့သူတွေက တစ်ပတ်တစ်ခါ ပေါင်းတင် hair treatment လုပ်ပေးသင့်ပါတယ်။ ခေါင်းလျှော်ပြီးတိုင်းမှာလည်း conditioner သုံးပေးပါ။

ဆံပင်ရေစိုနေချိန်မှခေါင်းမဖြီးပါနဲ့

ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးရင် ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ရှည်တဲ့သူတွေဆို ဆံပင်ကျွတ်တာများရင် အောက်ဖျားရှူးပြီး ဆံပင်ပျက်စီးစေပါတယ်။ ဆံပင်အရှည်က အောက်ဖျားရှူးရင် လုံးဝမလှပါဘူး။

Chemical များတဲ့ခေါင်းလျှော်ရည်ကိုရှောင်ပါ

ခေါင်းလျှော်ရည်တွေသုံးတဲ့အခါမှာ Chemical များတဲ့ ခေါင်းလျှော်ရည်တွေကိုရှောင်ပြီး mild ဖြစ်တဲ့ ခေါင်းလျှော်ရည်တွေကို ရွေးသုံးပေးတာက healthy hair ပိုရစေပါတယ်

ခေါင်းခဏခဏမလျှော်ပါနဲ့

ဆံပင်ရှည်လို့ဆိုပြီး ခေါင်းခဏခဏလျှော်စရာလည်း မလိုသလို၊ အကြာကြီးနေမှ ခေါင်းလျှော်လို့လည်း မဖြစ်ပါဘူး။ တစ်ပတ်တစ်ခါ (သို့) ၅ ရက်တစ်ခါတော့ ပုံမှန်လျှော်ပေးပါ။

ပုံစံတစ်မျိုးထဲကိုပဲဆံပင်စည်းထားတာမျိုးရှောင်ပါ

ဆံပင်အရှည်ထားတဲ့သူတော်တော်များများက ဆံပင်ချထားရင် စိတ်ရှုပ်လို့ စည်းထားတာမျိုး၊ လိပ်တင်ထားတာမျိုး၊ ထုံးထားတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

တစ်ခါတစ်လေကတော့ ကိစ္စမရှိပေမယ့် အမြဲတမ်း ဆံပင်ပုံစံတစ်မျိုးထဲကိုပဲလုပ်မယ်ဆိုရင်တော့ ဆံသားကျိုးကြေပြီး ဆံပင်တွေသိမ်တာ၊လိမ်ကောက်တာတွေ ဖြစ်စေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *