အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်း ဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ်။
ပါဝင်ပစ္စည်း များကတော့
သံပုရာသီး တစ် လုံး
ဂျင်း လက် တစ်ဆစ်ခန့် နဲ့
ပျားရည် ၂ ဇွန်းခန့်
ပထမဆုံး သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင် ဆေးပါ ပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက် ပါးပါးလေး လှီးပေးပါ။
ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ။
နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေး အနေအထားမှာ ဇွန်းဖြင့် မွှေပေးပြီး တစ်ခွက်လုံးသောက်ပါ။ အဖတ်တွေ ကို လွှင့်ပစ်ရပါမယ်။
သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန် စားပြီးချိန်နဲ့ နာရီဝက်ခန့်ခွါ ပြီး သောက် ရပါမယ်။
ဒီရေနွေး သောက်ပြီး အစာ မစားတော့လျှင် အကောင်းဆုံးပါပဲ။ အနှစ်နှစ် အလအလ အဆီပိုတွေ ဖြစ်တဲ့ အတွက် အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန် သောက်ကြည့်ပေးပါ။
သိသာတယ်ဆို ဆက်သောက်ချင် လာပါလိမ့်မယ်။ သောက်တာ ရက် ၂၀ လောက် ရှိပါပြီ သိသာပါတယ်။
ညီမလေး တစ်ယောက်ဆီက ရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ။ သိသာလို့ လက်တို့လိုက် ပါတယ်နော်။
နို့တိုက်မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူး။ လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်လာတာမျိုး Pressure ကျလာတယ် ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူးရှင်။
ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီး ထိန်း ပေးသွားတယ် လို့ထင်ပါတယ်။ သောက်တာကလည်း ညအချိန် ဖြစ်တော့ အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး။ အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး။
ကိုယ်လိုချင် သလောက် အတိုင်းအတာ ရပြီ ဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင်။
စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိပြီး လိုသလို သုံးကြည့်ကြပေါ့။ပိုပြီး ထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ် လေ့ကျင့်ခန်းလည်း လုပ်မယ် အစားလည်း အနည်းငယ် (အဆီများတဲ့ အစားအစာ) ရှောင်မယ် ဆို သိပ်ကို ထိရောက်မှာပါ။
ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ