ချိုင်းအသားအရေမည်းညစ်တယ်ဆိုတာဟာ ပေါ့သေးသေးထားရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ အသားအရေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို မကြာခဏ ဖြစ်လာစေနိုင်ပြီး အသားအရေကိုလည်း မည်းညစ်ညစ်နဲ့ ထူထူကြီးဖြစ်စေလို့ လူအများအမြင်မှာ အင်မတန်အကျည်းတန်စေနိုင်ပါတယ်။

ကိုယ်ကလက်ပြတ်လေးတွေဝတ်ပြီးတော့ လှလှပပသွားလာချင်ပေမယ့်လည်း ဒီလိုမျိုးချိုင်းကြားအသားအရေကြောင့် ဘယ်မှမသွားရဲ၊ ဘာမှမဝတ်ရဲဖြစ်နေရပြီပေါ့။

ဒါဆိုရင် ဒီလိုပြဿနာဆိုးကြီးကိုဖြေရှင်းဖို့အတွက် နည်းလမ်းကောင်းလေးတွေ မရှိတော့ဘူးလားလို့ မေးလာခဲ့မယ်ဆိုရင်တော့ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေရှိတာပေါ့ဆိုပြီး ပြန်ဖြေပေးချင်ပါတယ်။

၁။ ပန်းသီးရှာလကာရည် နှင့် မုန့်ဖုတ်ဆိုဒါ

လိုအပ်သည့်ပစ္စည်းများ

ပန်းသီးရှာလကာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

ပန်းသီးရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါနှင့်ရောစပ်ပေးမယ်ဆိုရင် အမြုပ်လေးတွေထလာပါလိမ့်မယ်။ အမြုပ်လေးတွေ တဖြည်းဖြည်းပျောက်သွားသည့်အခါ ရလာတဲ့အနှစ်ကို ချိုင်းကြားအသားအရေမှာလိမ်းပေးလိုက်ကာ ခြောက်အောင်ထားပါ။

ခြောက်ပြီးလို့မိနစ်အနည်းငယ်ထပ်မံထားရှိပြီးရင် ရေအေးအေးကနဲ့ ဆေးကြောကာ အဝတ်နဲ့ခြောက်အောင်သုတ်ပါ။တစ်ပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးရပါမယ်။

၂။ နွားနို့၊ နနွင်း၊ ပျားရည်

လိုအပ်သည့်ပစ္စည်းများ

နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောစပ်ကာ ချိုင်းအသားအရေမှာလိမ်းပေးလိုက်ပါ။ ခြောက်အောင်ထားပေးပြီး ရေနဲ့သန့်စင်ပေးလိုက်ပါ။ တစ်ပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

၃။ သကြားအညို နှင့် သံလွင်ဆီ

ပါဝင်ပစ္စည်းများ

သကြားအညို – စားပွဲတင်ဇွန်း ၃ ဇွန်း

သံလွင်ဆီစစ်စစ် – စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

အကုန်လုံးကိုသေချာရောစပ်၍ ချိုင်းကြားအသားအရေမှာ ၂ မိနစ်လောက် ချေးချွတ်ပေးကာ ၅ မိနစ်ထားပေးပါ။ အချိန်ပြည့်ပါက ကြက်သီးနွေးထရုံရေဖြင့် ဆေးကြောသန့်စင်နိုင်ပါတယ်။

ပြီးရင်တော့ တဘက်လေးနဲ့ ခြောက်အောင်သုတ်ပေးလိုက်ပါ။တစ်ပတ်လျှင် နှစ်ကြိမ်လုပ်ပေးရပါမယ်။

၄။ အာလူး

အာလူးအလုံးသေးလေးတစ်လုံးကို အခွံခွာ၍ ကြိတ်လိုက်ပါ။ အရည်ညှစ်ယူ၍ ချိုင်းမှာလိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ထားပေး၍ ရေအေးအေးနဲ့သန့်စင်ပေးပါ။
တစ်နေ့တစ်ကြိမ် မနက်တစ်ခါ ညမအိပ်ခင်တစ်ခါ ပြုလုပ်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *