ဝက်ခြံကြောင့် အသားနီမြန်းခြင်းကို မြန်မြန်ပျောက်အောင် လုပ်ချင်တဲ့ အကြောင်းရင်းတစ်ခုကတော့သင့်မှာအရေးကြီးတဲ့ ပွဲ (သို့) အစည်းအဝေးတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။
ဝက်ခြံကြောင့် နီမြန်းခြင်းဆိုတာအမာရွတ်ထင်ခြင်းမဟုတ်ပါဘူး။ သူဟာရောင်ရမ်းမှုတစ်ခုသာ ဖြစ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းဟာသင့်ကိုရုပ်ဆိုးနေစေပေမယ့် ဝက်ခြံအမာရွတ်တွေ လောက်တော့ ဆိုးရွားခြင်းမရှိပါဘူး။
ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကို မြန်မြန်ပျောက်ဖို့အတွက် အခုဖော်ပြမယ့်နည်းလမ်းတွေကတော့ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းခြင်းကိုသက်သာစေတဲ့ အိမ်သုံးကုသနည်းတွေဖြစ်ပါတယ်။
၁။ ရေခဲတုံး
အမြန်ဆန်ဆုံးနည်းလမ်းကတော့ ရေခဲပဲဖြစ်ပါတယ်။ ရေခဲတုံးတွေကိုအဝတ်တစ်ခုနဲ့ ပတ်ပြီးတော့ ဝက်ခြံရှိတဲ့ နေရာပေါ် တင်ထားပေးပါ။ နီမြန်းခြင်းတွေ လျော့ကျမသွားမခြင်းဆက်တိုက်ပြုလုပ်ပါ။
အရမ်းတော့ မဖိမိဖို့တော့ သတိပြုပါ။ ဒါဟာဝက်ခြံကိုပေါက်သွားစေပြီးတော့ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးစေနိုင်ပါတယ်။
၂။ Aspirin ဆေးပြား
အိမ်တော်တော်များများမှာ Aspirin ရှိတတ်ကြပါတယ်။ Aspirin မှာအရေပြားပေါ်ကဆဲလ်သေတွေကိုကွာကျစေပြီးသွေးကြောကျဉ်းစေခြင်းအားဖြင့် ရောင်ရမ်းမှုကိုလျှော့ချပေးတဲ့ salicylic acid ပါဝင်ပါတယ်။
အမြန်အသုံးပြုဖို့အတွက် ဆေးပြားကို နှစ်ခြမ်းခြမ်းပါ။ အဖြူရောင် ပါဝင်ပစ္စည်းတွေထဲကိုရေအနည်းငယ်ထည့်ပါ။ ပြီးတော့ ဝက်ခြံပေါ်ကိုထိုအနှစ်ကိုတင်ပေးပါ။ ပတ်တီး (သို့) ပလပ်စတာအုပ်ပေးပါ။ မိနစ် ၃၀ လောက် ထားနိုင်ပါတယ်။
၃။ သွားတိုက်ဆေး
သွားတိုက်ဆေးဟာ ဝက်ခြံကြောင့်နီမြန်းခြင်းကိုလျှော့ချဖို့ အများဆုံးပြောဆိုကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဝက်ခြံပေါ်ကိုသွားတိုက်ဆေးနဲ့ တို့ပေးပါ။ သူ့မှာဆီလီကာဓါတ်ပါဝင်တာကြောင့် ဝက်ခြံတွေကိုခြောက်သွေ့စေပါလိမ့်မယ်။
ဒါပေမယ့် methol (သို့) Fluoride ပါဝင်တဲ့ သွားတိုက်ဆေးတွေကိုတော့ အသုံးမပြုသင့်ပါဘူး။ သူတို့တွေဟာသင့်အသားအရည်ကိုယားယံစေရုံသာမက ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေပါလိမ့်မယ်။