ဂမ္ဘီရကြက်ခြေ ပါသူတွေဟာ လောကဓံ ပေါင်းစုံကို အကုန်စင်ခံရပြီးအနည်းဆုံး သောတာပန် ဖြစ်မယ့် ပုဂ္ဂိုလ်တွေပါ။ ရှိသမျှ ဝဋ်ကြွေးတွေ ပေးဆပ်ရခြင်းသဘောပါ။

ဘယ်တော့မှ ထမင်း မငတ်ပါဘူး။သူတစ်ပါးလက်ချက်နှင့် ဘယ်တော့မှ မသေဘူး။ ကိုယ်၊ စိတ်ကတော့ အနားမရဘဲ ပင်ပန်းပါမယ်။ တရားထိုင်ရင် တရားထူး အမြန်ရပါတယ်။ ထူးခြားသူများနှင့် ထူးခြားဖြစ်စဉ်များကို ကြုံရ၊ မြင်ရပါမယ်

ဂမ္ဘီရကြက်ခြေလက္ခဏာပါသူတွေဟာ အများအတွက် လူပင်ပန်း၊စိတ်ပင်ပန်း ရတတ်ပါတယ်။ အကျိုးဆောင်လိုက်ပါ။ အများအားကိုးတာ ခံရပါ့မယ်။ အိပ်မက်ထူးများ မြင်မက်ပါတယ်။

တစ်ခါမှ မရောက်ဖူးတဲ့နေရာ ရောက်သွားရင် ရင်းနှီးစွာ သိနေတတ်ပါတယ်။ မသန့်တဲ့နေရာ အသုံးအဆောင်နဲ့ကြုံတဲ့အခါ ချက်ချင်း စိတ်ကသိပြီး ဓါတ်ပြင်းတဲ့ သူတွေဆိုရင် ယားယံ လာတတ်ပါတယ်။

လူတစ်ယောက်ကို ချက်ခြင်းအကဲခတ် မသိစိတ်က ပုံဖော်ပြီးလူကောင်း ဟုတ် မဟုတ် ချက်ချင်းသိပါတယ်။ မွေးမြူရေးလုပ်ပါကအရင်းပြုတ်တတ်ပါတယ်။ အကုသိုလ်အလုပ် ဘာမှအကျိုးမပေးပါ။မီးလောင်၊ ရေနစ်၊ ဓါတ်လိုက် မျိုးစုံကြုံရတတ်ပါတယ်။

အိမ်ထောင်ရေး သာယာမှု နည်းပါးပြီး ကွဲတတ်ပါတယ်။ မကွဲရင်တောင် ခွဲနေရတတ်ပါတယ်။ အခက်အခဲ ကြုံလာရင် နောက်ဆုံးအချိန်မှာ ကူညီမယ့်သူ ပေါ်လာတတ်ပါတယ်။

အချုပ်အနှောင် ကိန်းတွေလည်း ကြုံရတတ်ပါတယ်။ သွားပုပ်လေလွင့် အပြောခံရတတ်ပါတယ်။ ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ၊ တရားအသိ ချမ်းသာရပါမယ်။ပထမ ဒုတိယ တတိယ အရွယ်တွေမှာ ခံရပြီး စတုတ္ထအရွယ် ရောက်ပါမှ အေးချမ်းရပါမယ်။

ကြီးပွားချမ်းသာပြီး အထွတ်အထိပ်သို့ ရောက်တတ်သည်။ ငယ်ရွယ်စဉ်မှာ မချမ်းသာသေးရင်လည်း ကြီးလာသောအခါ ပြည့်ပြည့်စုံစုံ နေရတတ်တယ်။ ဆဌမအာရုံ အကြားအမြင်ရတတ်ပါတယ်။

ဘယ်သူ တွေက ကိုယ့်အပေါ် ဘယ်လို ဆက်ဆံတယ်ဆိုတာချက်ချင်းသိတတ်ပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ကြိုတင်သိမြင် တတ်တယ်။ အချစ်ရေးမှာတော့ မိမိချစ်သလောက် ပြန်မချစ်တတ်သူနဲ့ တွေ့ရတတ်တယ်။ မိမိသေသွားခဲ့ရင်တောင် နာမည်တစ်လုံး ကျန်ခဲ့မယ့်သူဖြစ်ပါတယ်။ ခေါင်ဆောင်ကောင်း အကြီးအကဲ ဖြစ်တတ်တယ်။ ဘာသာရေး အထူးလုပ်တတ်တယ်။

ဂမ္ဘီရကြက်ခြေလက္ခဏာပါသူတွေဟာ စိတ်ကောင်းရှိသူ၊ မိတ်ဆွေပေါသူ၊ အနုပညာဝါသနာကြီးသူ၊ စာပေတေးကဗျာ အောင်မြင်ပြီး အသံအဆိုကောင်းသူ၊ လူလိမ်များကို လိမ်တာနဲ့ သိတယ်။ လိမ်ညာသူကိုမုန်းတယ်။ ချုပ်ချယ်မှုကို မကြိုက်။ ဗြောင်ပြောတတ်သူ ဖြစ်တယ်။အသက်ရှည်ပြီး ဘေးရန်ကင်းသူ၊ ထီ သုံးကြိမ်ထက်မနည်း ကံထူးသူ၊သူများ ဒုက္ခရောက်ရင် ကူညီတတ်သူ၊ စန်းပွင့်တတ်သူတွေ ဖြစ်ပါတယ်။

မွေးရပ်မြေနဲ့ ဝေးကွာစွာနေရတတ်သည်။ အပူအပင်ကင်းစွာ ဘဝကိုရပ်တည်တတ်သူ ဖြစ်ပါတယ်။ ကျေးဇူး မမေ့တတ်သူ၊ အလွမ်းအဆွေးကြီးသူ၊ မျက်ရည်ဝဲတတ်သူ၊ ဘာပဲဝတ်ဝတ် အချိုးကျပြီး မြင်သူတကာ ငေးရတတ်သူတွေ ဖြစ်ကြပါတယ်။ သင့်ရဲ့လက်မှာ ဂမ္ဘီရကြက်ခြေလက္ခဏာပါမပါ သေချာလေ့လာ တိုက်ဆိုင် စစ်ဆေးကြည့်နိုင်ရန်ဖော်ပြလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *