ကိုယ့်ကိုယ်ကို သဘောအကျဆုံးက ဆံပင်ပဲ။ fb ကနေ ဆေးနည်းတစ်ခု စမ်းလုပ်ကြည့်တာ (၂,၃) ကြိမ် လိမ်းကြည့်တာနဲ့သိသာလာတယ်။

ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေကျွတ်တာ ဆံပင်မသန်တာတွေ၊ခေါင်းကအမာရွတ်က ဆံပင်ပြန်မပေါက်တာ၊ဆံပင်ပြန်ပေါက်ပြီး နက်မှောင်သန်စွမ်း အရှည်မြန်လာတာကြောင့် ကိုယ်တွေ့အသုံးပြုနေတဲ့ ဆေးနည်းလေးကို မိတ်ဆွေတွေကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံးရှားစောင်းလက်ပပ် နှစ်ချပ်သုံးချပ်လောက်ရှာပြီး အစွန်းနှစ်ဖက်ကို လှီးဖြတ်ပြီး အနေတော် အတုံးလေးတုံးထားပါနော်

အုန်းဆီစစ်စစ် (၁၀)သားကို မီးဖိုပေါ်တင် အပူပေးပြီး စောစောကတုံးထားတဲ့ ရှားစောင်းလက်ပပ်အတုံးလေးတွေထည့်ပြီး မွှေပေးပါ ရှားစောင်းလက်ပပ်ခပ်ဝါဝါအရောင်သို့ ပြောင်းလာပြီဆိုရင် ဇကာနဲ့စစ်ပြီး ဆီပဲယူထားလိုက်ပါနော်

ကြက်သွန်ဥနီ အနေတော်နှစ်လုံးကို ကြိတ်စက်နဲ့ ကြိတ်ပြီး ရေစစ်အသေး ဒါမှမဟုတ် ပိတ်ဖြူစနဲ့ ခံပြီးအရည်ညှစ်ချကာ စောစောက အအေးခံထားတဲ့ ဆီထဲ့ကြက်သွန်ဥနီအရည် လောင်းထည့်ပါနော်

ရေမချိုးခင် ဦးရေပြားကိုနှိပ်နှယ်ရင်း ခပ်ရွှဲရွှဲလိမ်းပေးပါ မိနစ်နှစ်ဆယ်လောက် ခဏထားပြီးခေါင်းလျှော်ချလိုက်ပါနော် ဆံပင်ခြောက်တာနဲ့ ကိုယ့်ဆံပင်က ဆံသားပျော့အိအိအရသာလေးကိုက ထူးခြားနေပါလိမ့်မယ်နော်

နှစ်ခါသုံးခါလုပ်ကြည့်ရုံနဲ့ ဆံပင်ထူထူသိပ်သိပ် ပြန်ဖြစ်လာပြီး ဆံပင်ကျွတ်တာ နှစ်ခွဖြစ်တာ ထိပ်ပြောင်တာ၊ ဆံပင်ဖြူနေရာက ပြန်မည်းလာတာတွေသိသာလာပါတယ် စမ်းပြီးလုပ်ကြည့်ပါနော်

နောက်တခုသတိထားရမှာက အုန်းဆီ(၁၀)သားကို ကြက်သွန်ဥနီ နှစ်လုံးပဲနော် ဆီနဲ့ ကြက်သွန်ဥနီ ဆတူမရောလိုက်နဲ့နော် အရည်များသွားရင်အနံ့စွဲပြီး ရေသပ်သပ် ဆီသပ်သပ် ဖြစ်သွားတာကြောင့်အကောင်းဆုံး စမ်းသပ်ရောစပ်ပြီးမှ သတိပေးရတာပါရှင် အရမ်းကောင်းပြီး ကိုယ်တွေ့မို့ မျှဝေပေးခြင်းဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *